၂၀၁၀ အတွင်း အထင်ရှားဆုံး

Filed Under () by CHAN LON MON LAY on Thursday, December 23, 2010

Posted at : 4:38 PM


ကမ္ဘာလှည့်ခရီးသွားကားကို ရဲကပြန်ပေးဆွဲ
ကမ္ဘာလှည့်ခရီးသည်များလိုက်ပါလာသော ဘတ်စ် ကားကို အလုပ်ဖြုတ်ခံရသည့် ရဲအရာရှိရိုလန်ဒိုမန်ဒို ဇာက ပြန်ပေးဆွဲကာ သေနတ်ဖြင့်အကြမ်းဖက်တိုက် ခိုက်မှု သြဂုတ် ၂၃ရက်က မနီလာမြို့တွင်ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၏ ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ခရီးသည်များ တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိ ဟု သိရသည်။


တရုတ်ဒုသမ္မတက ဟူကျင်တောင်၏ အရိုက်အရာဆက်ခံမည်
အသက်(၅၇)နှစ်အရွယ်ရှိပြီဖြစ်သော တရုတ် နိုင်ငံဒုတိယသမ္မတစီကျင်ပင်းသည် ၂၀၁၂ခုနှစ် တွင် သမ္မတဟူကျင်တောင်၏ အရိုက်အရာကို ဆက်ခံရမည်ဟူသောသတင်း အောက်တိုဘာ ဒုတိယပတ်အတွင်းက ထွက်ပေါ်ခဲ့သည်။
၎င်းင်းသည် တရုတ်နိုင်ငံ၏ သြဇာအရှိ ဆုံး ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ အဖြစ်အရွေးချယ်ခံရခြင်းက သမ္မတရာ ထူးအတွက် သေချာသွားခြင်းဖြစ်သည်။


မက္ကဆီကိုပင်လယ်ကွေ့အတွင်း ရေနံယိုဖိတ်
မက္ကဆီကိုပင်လယ်ကွေ့အတွင်း ရေနံယိုဖိတ်မှု ဧပြီ ၂၀ရက်နောက်ပိုင်း က စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေနံယိုဖိတ်မှုကြောင့် မက္ကဆီကို ပင်လယ်ကွေ့အတွင်းသို့ ရေနံပမာဏ လီတာ ၇၆သန်းယိုဖိတ်ကျခဲ့ပြီး အမေ ရိကန်ပြည်ထောင်စုသမိုင်းတွင် အဆိုး ရွားဆုံးရေနံယိုဖိတ်မှုဖြစ်ခဲ့သည်။


မြောက်မှတောင်သို့ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားမရိန်းတပ်သားနှစ်ဦးသေဆုံး
နိုဝင်ဘာ ၂၃ရက်တွင် တောင်ကို ရီးယားပိုင်ကျွန်းပေါ်သို့ မြောက်ကိုရီး ယားမှ အမြောက်ဖြင့်ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားမရိန်းတပ်သားနှစ်ဦး ကျဆုံးခဲ့သည်။
တောင်ကိုရီးယားကာကွယ်ရေးဝန် ကြီးအသစ် Kin Kwan Jin က မြောက် ကိုရီးယားအပေါ် ပြန်လည်တုံ့ပြန်သွား မည်ဖြစ်ကြောင်း၊ ကာကွယ်ရေးအသုံး စရိတ်များကို တိုးမြှင့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


အီရန်သမ္မတလိုက်ပါသောယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ
အီရန်သမ္မတမာမွတ်အမာဒီနီဂျက် လိုက်ပါလာသော ယာဉ်တန်းအား သြ ဂုတ် ၄ရက်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက် မှုကြောင့် လူအချို့ထိခိုက်ဒဏ်ရာရရှိ သော်လည်း အီရန်သမ္မတဥပဒ်တစ်စုံ တစ်ရာမရရှိခဲ့ကြောင်း သိရသည်။
အမာဒီနီဂျက်သည် ဟာမာဒန်ရှိ အားကစားကွင်းတစ်ကွင်း၌ မိန့်ခွန်းပြော ကြားရန် လာရာလမ်း၌ ထိုကဲ့သို့တိုက် ခိုက်ခံရခြင်းဖြစ်သည်။


ဟေတီငလျင်ကြောင့် လူတစ်သိန်းကျော်သေဆုံးခဲ့
ဟေတီနိုင်ငံတွင် ဇန်န၀ါရီ ၁၂ရက် က ရစ်ခ်ျတာစကေးခုနစ်အဆင့်ရှိ အင် အားပြင်းထန်သော မြေငလျင်လှုပ်ခဲ့ ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံ၏ မြို့တော် ပို့အော်ပရင့်စ်ရှိ ကျောင်းများ၊ ဆေးရုံများ၊ လူနေထိုင်ရာအများအပြား ပြိုကျပျက်စီးကာ မြို့တော်၏ ရာခိုင်နှုန်း ၈၀ပျက်စီးခဲ့ပြီး လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့သည်။


ထိုင်းနိုင်ငံရေးအရှုပ်အထွေး
အစိုးရဆန့်ကျင်ရေးရှပ်နီအုပ်စုများ ကို တိုက်ခိုက်မှုကြောင့် ဧပြီ ၁၉ရက်မှ မေ ၁၉ရက်အတွင်း အနည်းဆုံး လူ ၈၈ ဦးသေဆုံးခဲ့ပြီး ၁၀၀၀ကျော် ထိခိုက်ဒဏ် ရာများရရှိခဲ့သည်။
ရှပ်နီတို့၏ ကန့်ကွက်ဆန္ဒပြမှုမှာ ၀န်ကြီးချုပ်အဘီဆစ်အား ပါလီမန်ဖျက် သိမ်းပေးရေး၊ ရွေးကောက်ပွဲအဆော တလျင်ကျင်းပရေးဟူသော ငြိမ်းချမ်းစွာ ဖိအားပေးမှုဖြင့် စတင်ခဲ့သော်လည်း မြို့ လယ်ကောင်တွင် ချွန်ထက်သောဝါးများ၊ မော်တော်ယာဉ်ကားတာယာများဖြင့် စည်းရိုးများခြံရံကာ ခံတပ်သဖွယ်ထား ရှိခဲ့သည်။


ဝီကီလိခ်တည်ထောင်သူကို ဖမ်းဆီး
အင်တာနက်ပေါ်မှ လျှို့ဝှက် သတင်းပေါင်း ၂၅၀၀၀၀ခန့်ကို ဖွင့်ချ ခဲ့သည့် ၀ီကီလိခ်တည်ထောင်သူ ဂျူဗီ ယန်အက်ဆန်ဂီကို ဒီဇင်ဘာ ၈ရက်က ဗြိတိသျှအကျဉ်းထောင်တွင် ထိန်းသိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းအနေဖြင့် အကျဉ်းထောင်သို့ ပို့ခံရသော်လည်း ၀ီကီလိခ်၏ လျှို့ဝှက် သတင်းများဖွင့်ချမှုကို ရပ်တန့်သွားမည် မဟုတ်ကြောင်း အတည်ပြုပြောကြား ခဲ့သည်။


ချီလီမိုင်းလုပ်သားအားလုံးကို ကယ်ဆယ်နိုင်ခဲ့
နှစ်လကြာခန့် သတ္တုမိုင်းအတွင်း ပိတ်မိနေသော မိုင်းလုပ်သား ၃၃ဦးအား အောက်တိုဘာ ၁၃ရက် ညဉ့်လယ်ယံက ကယ်ဆယ်ရေးပြွန်မှတစ်ဆင့် မြေပြင်ပေါ် သို့ ဆွဲတင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ကယ်ဆယ်နေစဉ်အတွင်း ကမ္ဘာတစ်ဝန်းမှ သတင်းသမား ၂၀၀၀ခန့် က မြေပြင်မှစောင့်ကြည့်နေခဲ့ကြသည်


အဖေမှ သားသို့
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ၏သားကင်ဂျုံအန်သည် ပြုံ ယမ်းမြို့တော်ရှိ မေဒေးအားကစားရုံ၌ ကျင်းပမည့် အလုပ်သမားပါတီ၏ (၆၅) နှစ်မြောက်အခမ်းအနားနှင့် ကျွမ်းဘား စွမ်းရည်မဟာပြပွဲအား အောက်တိုဘာ ၉ရက်က ဖခင်နှင့်အတူတက်ရောက်ခဲ့ပြီး ၎င်းသည် ဖခင်၏အရိုက်အရာကိုဆက်ခံ မည့်သူအဖြစ် ပထမဆုံးပြည်သူများရှေ့ မှောက်သက်သေထူလိုက်ခြင်းဖြစ်သည်

ရန်ကုန်မီဒီယာပိုစ်မှ

0 comments:

Post a Comment