ဟာသ

Filed Under () by CHAN LON MON LAY on Thursday, December 23, 2010

Posted at : 5:00 PM




ဒီအထဲမှာမှောင်တယ်ဗျ


အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ ယောက်ျားအလုပ်သွားချိန်မှာ တခြား

အမျိုးသားတစ်ယောက်နဲ့  အချိန်းအဆက်လုပ်နေပါတယ်။ တစ်နေ့  သူတို့
နှစ်ယောက်သား အိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃
နှစ်သားဟာ သူတို့ ကို တွေ့ သွားပြီး အခန်းထဲက ဘီရိုမှာ
ဝင်ပုန်းနေခဲ့ပါတယ်။
သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ
့ချစ်သူကို သူ့ သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ
့သားရှိတာကိုလဲ မသိဘူးပေါ့။ ဒီလူဝင်လာတော့ ကောင်လေးကစပြီး
"ဒီအထဲမှာ မှောင်တယ်ဗျနော်..."
"အေးကွ"

"ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ် ဗျ"
"သြော်.. အေး.. ကောင်းတာပေါ့ကွာ"
"အဲဒီဘောလုံးကို ကျွန်တော်ပြန်ရောင်း မလို့ ။ ခင်ဗျားဝယ်မလား "
"မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ"
"အဖေအပြင်မှာ ရှိတယ်နော်... ခင်ဗျားသဘောပေါက်တယ်မဟုတ်လား"
"သြော်... အေး... အေး... အေးပါကွာ။ ကဲ မင်း ဘောလုံးက ဘယ်လောက်မို့ လို့ လဲ"
"ဒေါ်လာ ၂၅၀"
"အမေလေး... များလိုက်တာကွာ"

"အပြင်မှာ..."
"ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀"
နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့ အမေကလဲ သူ့ ချစ်သူကို
ဘီရိုထဲကို ဝှက်ပြန်ပါတယ်။
"ဒီအထဲမှာ မှောင်တယ်ဗျ နော်..."
"အေး... အေးကွ"
"ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ"
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့

သူ့ အဖြစ်ကို သူ ပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ 
"ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ"
"ဒေါ်လာ ၇၅၀"
"အိုကေလေ..."
နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့ 
ဘောလုံးနဲ့  လက်အိတ်သွားအယူ ခိုင်းပါတယ်။
"အဖေ.. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သား ရောင်းလိုက်ပြီ"
"ဘာ.. ဘယ်လို... ဘယ်လောက်ရလို့ မို့  မင်းကရောင်းလိုက်တာလဲ"
"ဒေါ်လာ ၁၀၀၀ နဲ့ အဖေ"

"အိုးးး များလိုက်တာ သားရယ်... ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။ မင်းက
ဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။ ဒါအပြစ်ဖြစ်တယ်ကွ...
မဖြစ်ဘူး မဖြစ်ဘူး... မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။ မင်း
အပြစ်တွေကို ဘုန်းတော်ကြီး ဆီသွားပြီး အာပတ်ဖြေရမယ်"
ဒီလိုနဲ့  သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့... အဖေကသားကို
အာပတ်ဖြေဖို့  အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လို့ 
အပြင်မှာ စောင့်နေတယ်။ အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက ...
"ဒီအထဲမှာ မှောင်တယ်ဗျ နော်" လို့ ဆိုလိုက်တော့...

အာပတ်ဖြေပေးဖို့  စောင့်နေတဲ့ ဘုန်းတော်ကြီးက...
"ခွေးမသား... ဒါ ငါ့ပိုင်နက်ကွ... ဒီတစ်ချီတော့ မင်း.. ငါ့ကို
ဒီအချိုးမျိုး လာချိုးလို့  မရတော့ဘူး" ... တဲ့



စကြ၀တေးမင်းဖြစ်ချင်သူ


ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာ
လူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာ

တခုရှိသတဲ့။

အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုဏကောင်တွေ အားလုံးပေါင်းပြီး
ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလို နဲ့ အမိုက်ဆုံး နဲ့ ညဏ်ပညာမရှိဆုံး တကောင်က ဘုရင်ဖြစ်လာပါလေရော့လား.
သူလည်း ဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကို
ငါးမူးနဲ့ ပဲ ရောင်းခိုင်းတော့တယ်။
သုဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ သုနိုင်ငံမှာတော့ ငါးမူးပဲ.
တပွဲ ကို ၈၀၀ကျပ် လောက်ဈေးရှိတဲ့ ထမင်းကစားငါးမူး ပဲပေးရတယ်။

တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ ထွက် လာတဲ့ တက္ကသီလ က ဆရာနဲ

့သုရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ

ရောက်လာကြတာပေါ့။
ဆရာ တော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ ဘူးပေါ့။
သုတပည့် က တော့ မတရား သဘောကျတယ်.
အရာအားလုံး ငါးမူးကို နော်။
သုမှာ က ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ ရတယ် လို
့ပြောလို့ ရတာပေါ့။
ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။
ဆရာက ပြောတယ်

းးးးးးးးဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့

တိုင်းပြည်မှာ မနေ သင့်ဘူးးးးးးးးးးးတို့ ဘာတို့ ပေါ့လေ။
တပည့် က တော့ နိုးပါ
အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ် ဆရာကြီးရေ
ပညာသင်တာ က အဲ့ သလို နေ ဖို့ ပဲလေ တို့ ဘာတို့ ပြော ပြီးတော့
နေချင်ကြောင်းကို ထိုင်ပြောနေတော့
ဆရာ ဖြစ်သူ လက်လျှော့ ရတာပေါ့
ဆရာပြန်ခါနီး သုတပည့်ကို ဂါထာတပုဒ် သင်ပေးလိုက်တယ်
တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေ ရရင် ဒီဂါထာ ကို တခါရွက်လိုက်

ဆရာရောက်လာမယ် လို့ ပြော ပြီးတော့ ပြန်သွားပါလေရော

တပည့် က လည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြော ပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့
ပြီးတော့ ငါးမူးတန် အစားအစာ တွေ စားရင်နဲ့ မတရား ကြီး ကို ၀လာတယ်.


ဝတာမှ တကယ် ကို အကြီးအကျယ် ၀လာတာ.

တရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်
ဘာ လို့ လည်း ဆို တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်း
အပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာ
အုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ်။
သူခိုးမိန်းမက မကျေနပ်ဘူး

ဘုရင် ကြီးကို သွားတိုင်တယ်


းးးးးးးအိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင်
အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန် မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို ကို တရားမျှတမှု ရှိစေတော်မူပါ
သုခများ မယားကျွေးရန် စီးပွားရှာ ခြင်းသာ ဖြစ် ပေသည်.မရှိသောကြောင့် 
ခိုး မိခြင်း ကို အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရား
းးးးးးးးးးပေါ့
ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလို လို ဖြစ် လာ တယ်။
အဲ့ဒါနဲ့  အမတ်ချူပ် ကြီးကို သေဒဏ် ပေးလိုက်တယ်

သေဒဏ်ဆိုတာ က ကြိုးပေးသတ်စေ ပေါ့


အမတ်ချုပ်ကြီးကအယူခံဝင်တယ်
းးးးးးးအရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်းးးးးးးးးး

ဒါနဲ့ 
ပန်းရံဆရာ ကြိုးပေးခံလိုက်ရရော
ပန်းရံ ကလည်း လျှောက်ပြန်တယ်
းးးးးးးမှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်................ ..


ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍

တရားမျှတမှုကို တည်ဆောက်အံ့

မောင်အလုပ်သမားကလည်းလျှောက်တင်ြ
ပန်တယ်
းးးးးးးးဘ၀ရှင်မင်းတရားကြီးခင်ဗျား
ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်းးးးးးးးးးး

ရေထမ်းသမားအားသေဒဏ်
သူလည်းမခေပါဘူး
လျှောက်လိုက်တာကတော့
းးးးးးးးးအရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်

အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်းးးးးးးးးး


အိုးထိန်းသည်အားသေဒဏ်ပေးစေ
သူကထပ်လျှောက်တင်ပြန်တယ်
းးးးးးးးးးးးးအကျွန်လက်က ပုံမှန်လက်ပါခင်ညား
ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး
ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး
အကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်ပါတယ်
ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရ
ခြင်းဖြစ်ပါသည်းးးးးးးးးးးးးးးးးးး


လာထား

ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်
အမျိုးသမီးက ထပ်လျှောက် ပြန်တယ်


းးးးးးးးးးးးးးးမှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး
အစွန်းရောက်မိုက်ခြင်းတရား ဖြင့် နိုင်ငံတော်ကို သာယာဝပြောလှစေသူ
ဘ၀ရှင်မင်းတရားကြီးရှင်
အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍
လျှော်ပြီးမပြီး သွားရောင်စစ်စေး ခြင်းသာ ဖြစ်ပါ သည်
မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်းးးးးးးးးးးးးးးး


ဒီလို နဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်

ဘုရင်ကြီး မိန့်တော်မုပုံ က
းးးးးးးးးးမောင်မင်း
အသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် 
ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရ လေသည်
ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့သည်
ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်
ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောင်သော အမတ်ချူပ်ကြီးနေအိမ်

အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်.



ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံ
ပြေးမလွှတ်တော့ချေ
အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ်းးးးးးးးးးးးးး

ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး
အလျှော့အတင်းလုပ်လို့ မရ ဘူး
ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး

ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ်
းးးးးဒီကောင့်ခေါင်းက မတော်ဘူး

တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့းးးးးးးး


ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေး ကို သွားတွေ့ တယ်
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာ ကိုး
သုကို သေဒဏ် ချလိုက်ရော။

တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်
ဆရာ တပည့် နှယောက်က တယောက် ကို တယောက် အချက် ပြ ပြီး
ကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ် လို့  လုနေလိုက်ကြတာမှ မသတ်ရုံ တမယ် ပဲ
လို့ ကို ထင် ရတယ်

ဘုရင်ကြီးအံ့သြော်တာပေါ့

ဘယ့်နှယ် သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှကောင်

ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း
ဘုရင်ကြီးက မေးလိုက်တာပေါ့
ဘာ လို့ လည်းပေါ့နော်
ဆရာက ဖြေတယ်
မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော် အို
ဘယ့်သမားသမတ်အရှင်မင်းကြီးခင်ဗျား
အကျွန်က တက္ကသီလ မှ ဆရာတည်း
ဗေဒင်သုံးပုံ ကို အရည်ကြို သောက်ခဲ့သူ လည်း ဖြစ် ချေတော့သည်တမုံ



ယနေ့ နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို ၏ တည်နေရာအား

သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ
ယနေ့ သေသောသူ သည် သည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ့။
သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။

ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်း
ဆုကို ယူစရာအကြောင်းမရှိ

နင်တို့ ဖယ်ကြကွယ်ရို့ ........ဟူသတည်း

0 comments:

Post a Comment