Screenshot: (6)

Filed Under () by CHAN LON MON LAY on Wednesday, December 29, 2010

Posted at : 8:10 AM

fix-any-color

download-software         
 
photo-collage-platinum

download-software         
photo-collage

download-software        
ilookgood

download-software
 
iprincess-ad-free

download-software 
 
camerabag-for-ipad

download-software

 

Screenshot:

Filed Under () by CHAN LON MON LAY on

Posted at : 7:53 AM

stick-photo-star

download-software         

၂၀၁၁အတွက် အကောင်းဆုံး Avira

Filed Under () by CHAN LON MON LAY on Saturday, December 25, 2010

Posted at : 6:22 PM

၂၀၁၁အတွက် အကောင်းဆုံး Aviraသတ်တဲ့ဆော်ဝဲလေးပါ အရမ်းကို ကောင်းပါတယ် အောက်ကလင့်မှာ အသုံးလိုရင် ဒေါင်လိုက်နော် သူငယ်ချင်း


ဒီမှာ

TuneUpUtilities2011

Filed Under () by CHAN LON MON LAY on

Posted at : 6:14 PM



မရှိမဖြစ် ပရိုဂရမ် ပြင်တဲ့ဆော်ဝဲ လေပါ ကျနော်စက်မှာတော့ သုံးနေတယ် အဆင်ပြေတယ်
သူငယ်ချင်းတို အသုံးလိုမယ်ဆို လုပ်လိုက်တော့လေ ကျနော် မနေ့ကမှ အသစ် တွေတာ ဒီဆော်ဝဲ
မော်ဒယ်အသစ် ၂၀၁၁ အတွက်အကောင်းဆုံးလိုပြောရမှာ ကျနော် တော့သိပ်မရေးတတ်ဘူး အများကြီလဲ
ပြောချင်တယ် ဟဲဟဲ ဒီမှာ ဒေါင် လိုက်တော့ ကောင်းမွန်စွာကလိနိုင်ကြပါစေး...း)းးး

player

Filed Under () by CHAN LON MON LAY on

Posted at : 5:53 PM

windows media player နည်းနည်း ရိုနေပြီ...ဒီပုံစံလေး သုံးချင်တဲ့ သူငယ်ချင်းတွေ ဒီမှာ ဒေါင်လိုက်နော်း)
အများကြီ ရေးချင်တယ် ရေးလဲမတတ်ဘူး ခိခိခိခိခိခိခိ

သတ္တိကောင်းတဲ့ boy တွေ

Filed Under () by CHAN LON MON LAY on

Posted at : 5:12 PM

မောင်ကြူး

Filed Under () by CHAN LON MON LAY on

Posted at : 5:02 PM

RapidTyping

Filed Under () by CHAN LON MON LAY on

Posted at : 6:36 AM


လက်ကွက်မြန်အောင်ကျင့်လို့ရတဲ့ ဆော်ဝဲလေးပါ  ၃ယောက် ၄ယောက် အသာလေး ချက်တင်လုပ်

နိုင်အောင် RapidTyping နဲ့ကျင့်လို့၇ပါတယ် ဒီမှာ ဒေါင်လိုက်နော်

RealPlayerSPGold.

Filed Under () by CHAN LON MON LAY on

Posted at : 6:09 AM


ဒီဆော်ဝဲ ကလဲ ကမ္ဘာကျော်ပါပဲ ကွန်ပျူတာ တော်တော်များများ မှာရှိပါတယ် ဒေါင်လော့ လိုလဲကောင်းတယ်
ကျနော် စက်မှာတော့ သုံးနေတယ် အဆင်ပြေပါတယ် မရှိသေးတဲ့ သူငယ်ချင်တွေ ဒီမှာ ဒေါင်နိုင်ပါတယ်း)

format factory

Filed Under () by CHAN LON MON LAY on

Posted at : 5:47 AM



mp3 mp4 mp5 mp6 video vneeo v3eo ခုတ်မယ် ဆိုဒ်ပြောင်းမယ် ဖုန်းထဲထည့်မယ် ဘယ်မှာပဲထည့်ထည့်
ထည့်လို့ရအောင်  format factory ဆော်ဝဲလေးက အရမ်းကောင်းပါတယ် အသုံးလိုမယ်ဆို ဒီမှာ ဒေါင်လိုက်နော်

ကောင်လေးနဲ့ ကောင်မလေး

Filed Under () by CHAN LON MON LAY on

Posted at : 4:11 AM

from ကောင်လေးနဲ့ ကောင်းမလေး


ကောင်လေးနဲ့ ကောင်မလေး
လက်သူကြွယ်မှ လက်စွပ်ကလေးကို ငုံကြည့်ပြီး ကောင်မလေး တစ်ယောက်တည်း ပြုံးမိသည်။ ကောင်လေးတစ်ယောက် အခုဆိုရင် ဘာတွေများလုပ်နေမလဲ….
တကယ်တော့ နီးတကျက်ကျက် ဝေးတစ်သက်သက် ဆိုတာ ဒါမျိုးပါလားဟု တွေးမိသော်လည်း ကောင်လေးကို သတိရခြင်းများသည် ပူလောင်မှုကင်းလှသည်။
နားလည်မှု၊ စိတ်ချယုံကြည်မှု တွေသည် သူတို့နှစ်ဦးကြားမှာ ပျိုးထောင်စရာမလိုသော သဘာဝအတိုင်း ပေါက်သည့် ပန်းပင်တွေလိုပင် ဘယ်အချိန်က အမြစ်တွယ်နေမှန်း မသိလိုက်.. သေချာတာက ဒါသူအလိုလို ဖြစ်ထွန်းခဲ့သည် ဆိုတာပါပဲ။
ငယ်ငယ်ကပေါ့…
ကောင်လေးက စာငုံ့ရေးနေသော ကောင်မလေး၏ ကျစ်ဆံမြီး ကို မနာအောင် နောက်က ဆွဲလိုက်ပြီး
“ ကဲ ထ မုန့်ဟင်းခါးသွားသောက်ကြမယ်..”
“ငါ စာမပြီးသေးဘူးဟ.. မနက်ဖြန် ထပ်ရမှာ”
“ကျူရှင်မှာလာပြီး ကျောင်းစာ လာလုပ်နေတယ်.. အိမ်မှာ ပြန်လုပ်ဟာ.. ထမလားမထဘူးလား ..မထလို့ကတော့ နော်.. နင်အစား ငါဟိုမဲမဲကြီးကို နင်ပေးခိုင်းတယ်ဆိုပြီး အဖြေသွားပေးလိုက်မှာ.. ဘာမှတ်လဲ ”
“ နင်နော် မမိုက်ရိုင်းနဲ့ ..ငါကြောက်ပါတယ် ဆိုတာ .. နင်က..ငါ့ကို မစောင့်ရှောက်ချင်နေဟာ.. သွားတော့..”
“ကဲ .. နင် သွားမလားမသွားဘူးလား ဆရာ လာတော့မယ်.. သွားမယ်”
စိတ်မရှည် သလိုထွက်သွားသော ကောင်းလေးနောက် ကောင်မလေးက ပြေးလိုက်လာခဲ့သည်..
အပေါက်ဝရောက်တော့ ကောင်လေးက
“ဘယ်မှလဲ ထီး ”
ကောင်မလေးက စပ်ဖြီးဖြီး လုပ်ပြတော့..
“ ရုပ်ကဆိုးရတဲ့အထဲ အသားမဲရင် ကျက်သရေမရှိတဲ့ ရုပ်ကို နေ့တိုင်း မြင်နေရမှာစိုးလို့ ရော့.. ငါ့ထီးဆောင်း” ဆိုပြီး အရှေ့မှ ထွက်သွားသည်..။
ကောင်လေးက ဆယ်ကျော်သက်အရွယ်မှာ ကောင်မလေးကို သို့လော သို့လော အပြောမခံရစေချင်လို့.. ကောင်မလေး ထီးအောက် ဝင်မဆောင်းခဲ့မှန်း ကောင်မလေး အဲဒီ အချိန်ကတော့ မတွေးမိခဲ့..
“ မုန့်ဟင်းခါး သောက်ချင်ပါတယ် ဆိုမှ ရေလည် ရှာရည်နေတယ်”
“စားတာပါဟာ ..ဘာသောက်တာလဲ..”
ငြင်းနေကျ ထုံးစံအတိုင်း ငြင်းဖြစ်အောင် ငြင်းကြတော့ ဆိုင်ရှင် အဒေါ်ကြီးက ရယ်ပြီး
ရော့ သားလေးကသောက်ပြီး သမီးလေးကစား ဆိုပြီး မုန့်ဟင်းခါး ပန်းကန်တွေ လာချပေးတိုင်း
ကောင်မလေးက နင် သောက်မှာ မဟုတ်လား ဒီအကြော်တွေက စားရမှာလို့ပြောရင်း ကောင်လေး ပန်းကန်းထဲက အကြော်တွေ ဘဲဥတွေ အကုန် သူ့ပန်းကန်ထဲ ခပ်ထည့်..
ကောင်လေးကလည်း ပြန်လုသည်.. သို့သော်.. ကောင်လေး ပြန်လုတိုင်း သူမ ကောင်လေး ပန်းကန်ထဲက ခပ်ယူသမျှရဲ့ တစ်ဝက်လောက်သာ ပြန်ပါသွားတတ်တာ ကောင်မလေးသိပါသည်။
စာမေးပွဲကြောက်သော ကောင်မလေးဖြေသော အခန်းရှေ့တွင် နေ့တိုင်း သူ့စာမေးပွဲခန်းမှ အရင်ထွက်ပြီး ကောင်လေးက ကောင်မလေး ထွက်အလာကို အမြဲစောင့်ပြီး အားပေးတတ်သည်။ သို့သော် အများ မျက်စိနောက်လောက်အောင်တော့ အတူသွား အတူပြန် မလုပ်ခဲ့ပါ။ ဒီလိုနှင့် သူတို့နှစ်ဦး၏ စတိတ်ကျောင်းသား ကျောင်းသူဘဝက ပြီးဆုံးခဲ့သည်။
နွေကျောင်းပိတ်ရက်များ၏ နေ့လည်ခင်း၊ ညနေခင်းများတွင် ကောင်လေးက ကောင်မလေးဆီ ရောက်ရောက်လာတတ်သည်။ ဟိုကပြန်လာသည် ဒီက ပြန်လာသည် အကြောင်းပြရင်း ကောင်မလေးအိမ်တွင် ထမင်း ဝင်တောင်းစားတတ်သေးသည်။ ကောင်မလေး ချက်သော ဟင်းများကို စားရင်း “ ဟား..ဆိုးလိုက်တဲ့ လက်ရာဗျာ၊ ကျွန်တော့တို့ အိမ်က ခိုင်းတဲ့ ကောင်မလေးတောင် ဒီထက်ချက်တတ်သေးတယ်” ဟု ကောင်မလေး ကြားအောင်ပြောသောအခါ ကောင်မလေးက အနားတွင် ရှိတတ်သော အရာများနှင့် ကောက်ပေါက်သည်။ သူ့ထံ ပျံဝဲလာသော အရာများကို ရှောင်ရင်း “ဟဲ့ နင်ထိုးနေတဲ့ အနူလက်သီးဆုတ် ပြီးပြီလား.. သူများသွားမပြနဲ့ ရှက်စရာကောင်းတယ်။ ပြီးရင် ငါ့ကိုပေး နင့်ကို သနားလို့ ငါဝတ်ပေးမယ်။ ငါလို ခပ်ချောချောသန့်သန့် ဝတ်မှ နင့်အသုံးမကျတာ လူမသိတော့မှာ။ သနားလို့ အခွင့်ရေး ပေးတာနော်” ဟု အော်ရင်း ထွက်ပြေးတတ်သေးသည်။
ကောင်လေး ပြန်သွားတိုင်း တိတ်တိတ်လေးထားသွားတတ်သော သူမ ဖတ်ဖို့ စာအုပ်၊ အချည်ထုတ်တွေကို သူမ စာဖတ်တတ်သော စားပွဲလေးပေါ်တွင် တွေ့ရဦးမည်ကိုတော့ ကောင်မလေးက သွားမကြည့်ဘဲ သိပါသည်။
အောင်စာရင်း ထွက်သောနေ့တွင် ကောင်မလေး အိမ်တွင်းအောင်းနေပါတော့သည်..။ ဘယ်သူငယ်ချင်း ဖုန်းဆက် ဖုန်းဆက် အပြင်သွားသည်ဟုပြောသော်လည်း ကောင်လေးကတော့ ကောင်မလေး အိမ်သို့ ဆက်ဆက် ရောက်ခဲ့သည်။
ငူငူလေး ထိုင်နေသော ကောင်မလေးကို “နင်က ဒီ ဂုဏ်ထူးတွေကို ဂုဏ်လို့ ထင်နေတာလား။ နင်အသက်ကြီးမှ အဲဒါ ဂုဏ်မဟုတ်မှန်းသိမယ်။ လုပ်မနေနဲ့ ဒါဝမ်းနည်းစရာ မဟုတ်ဘူး ဟ၊ နောက်ပြီး နင်ကရှာကျွေးရမှာ မဟုတ်ဘူး၊ ငါတို့ ယောင်္ကျားလေးတွေက ရှာကျွေးရမယ့်သူတွေ” လို့ လူကြီးယောင်ယောင် ပြောခဲ့သည်။
ကောင်မလေးက “သူက အများကြီးရတော့ သူများကို လာပြောမှပေါ့၊ အီး … ငါ့ကို လာမခေါ်နဲ့..” ဟု ဆိုကာ.. အိမ်ခန်းထဲ ပြေးဝင်သွားခဲ့သည်။ နောက် တစ်ရက်ကျော် အကြာတွင် အိမ်က လူကြီးမပါပဲ ရန်ကုန်ပြင်ပ ဘယ်မှ မရောက်ဘူးသော ကောင်မလေးရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်သောဆုတောင်းကို ကောင်းလေးက စီစဉ်ပေးခဲ့သည်။ ကောင်မလေး အိမ်က သဘောတူ အောင်လည်း ဗျူဟာတွေသုံးပြီး စီစဉ်ပေးခဲ့တာကိုတော့ ကောင်မလေး အမြဲ သတိရခဲ့သည်။ ထိုနေ့က သိပ်ကို ပျော်နေခဲ့တာကိုး….။
ဒီလိုနဲ့ .. တစ်နေ့ ကောင်လေးက ပြောလာသည်..
ကောင်မလေးက နားမလည် သလို ကြည့်နေသော်လည်း ကောင်လေးက ဘာမှ ဆက်ရှင်း မပြခဲ့ပါ။
နောက်ပိုင်း ကောင်လေးနှင့် ကောင်မလေး အနည်းငယ် အနေဝေးသွားကြသော်လည်း အဆက်သွယ်တော့ ပြတ်မသွားခဲ့တာအမှန်..
ကောင်လေး ဘယ်မှာပဲ ရှိနေရှိနေ.. ကောင်မလေး စိတ်ထဲမှာ နီးနီးလေးလိုသာ ခံစားရတာကို ကောင်မလေးသိပါသည်။
သူငယ်ချင်းများနှင့်ဆိုင်သော အလှူအတန်း၊ လူမှုရေးကိစများ ရှိရင် ကောင်လေးနှင့် ကောင်းမလေးက အတူသွားရမှ ပြည့်စုံသလို ထင်တတ်ကြသည်။ ကောင်မလေး အလှပြင်လာသည့် နေ့များတွင် ကောင်လေးက
“ကံဆိးုတာ ဒီနေ့တော့ မျက်စိရော နားရော ဒုကရောက်ရ တော့ မှာ ပါလား။ အား ကားကလည်းကွာ ခွေးချေးများ တက်နင်းမိလား မသိဘူး နံသကွာ” လို့ သူဘာသာ ရွတ်သလို ပြောလေ့ရှိပြီး ကောင်မလေး က သူ့ကို မျက်လုံးပြူးကြည့်လျှင်..
“လန့် လိုက်တာ ဟာ ။ နင်ကလဲ မိန်းမ မဟုတ်သလိုဘဲ။ မျက်စောင်းမထိုးတတ်ဘူးလား။ ငါသင်ပေးမယ် ဒီလိုထိုး” ဟု မျက်စောင်ထိုး သင်တတ်သေးသည်။
နောက်ပိုင်း ကာလ များတွက်တော့ နှူတ်မှ ဒုကဟု ရေရွတ်တတ်သော်လည်း ခိုးကြည့်တတ်သည့် ကောင်လေးမျက်ဝန်းများ၊ သင်းသင်းလေး မျှသာသော ကောင်မလေး ဆွတ်တတ်သည့် ရေမွေးရနံ့ကိုပင် သတိထားမိတတ်သည့် ကောင်လေးကို ကောင်မလေး သတိပြုမိလာခဲ့သည်။ မျက်စောင်းထိုးခံရတိုင်း ပိုပြုံးသွားတတ်သော ကောင်းလေးရဲ့ အပြုံးတွေအတွက် ကောင်မလေး မျက်စောင်းထိုးတတ်လာခဲ့သော်လည်း ရယ်စရာကောင်းသည်က ကောင်မလေးက မျက်စောင်းသည် ကောင်လေးကိုသာ ထိုးရမည့် အရာလို ထင်မှတ်နေတတ်သည်ပင်..ကောင်လေးနှင့် မတွေ့ရသည့် အချိန်များတွင် မျက်စောင်းဆိုသည့် အရာကို မေ့လျှော့နေသည်အထိပင်။
ကောင်လေးသည် တခြားသော အရွယ်ရောက်ယောင်္ကျားသားများကဲ့သို့ ရင်းနှီးသော မိန်းကလေးများ (အီစီကလီ) ရှိသည်ကို ကောင်မလေးကို အမြဲပြောပြလေ့ရှိသည်။ ကောင်လေး၏ ကိုယ်ချင်းစာစိတ်နှင့် နှမချင်းစာနာစိတ်ကို ကောင်မလေးက သိသလို သူတစ်ပါး နစ်နာအောင် ကောင်လေး ဘယ်တော့မှ မလုပ်ဘူးဆိုတာ သိပါသည်။ ငါသူတစ်ပါး သားသမီးကို မယူနိုင်ဘဲ ရည်းစားစကား မပြောဘူး။ ခြေပါလက်ပါ မလုပ်ဘူး။ သူတို့လည်း ယောင်္ကျားလေးတွေ အကြောင်းလေ့လာချင်လို့ ရင်ရင်းနှီးနှီးလာရောတယ်။ ငါလည်း အဲလိုပဲဟ။ ဒါပေမယ့် နင် စိတ်ချ ငါ ရည်စား ဖြစ်တဲ့ အထိ မရည်ရွယ်ပါဘူးဟု..ပြောလေ့ရှိသော ကောင်လေးကို ကောင်မလေးက အမြဲ ပြုံးပြီး ကြည့်နေတတ်သည်။ ကောင်လေးသည် ကောင်မလေးကို မလိမ်ညာတတ်သူ ဖြစ်သည်ကို ကောင်မလေးက သိပါသည်။
သည်လိုနှင့် ကောင်လေးနှင့် ကောင်မလေး ရေမြေခြား ဝေးရမည့် နေ့တစ်နေ့ ကောင်လေး က ကောင်မလေးဆီ ရောက်လာခဲ့သည်။ နှစ်ယောက်သား အတူ မတိုင်ပင်ဘဲ အတူခြေဦးတည့်ရာ သွားကာ တွေ့ရာ မုန့်တွေ ဝင်စားကြရင်း နေဝင်ချိန်ကို ရောက်လာခဲ့ အထိ..
ကောင်လေးက ကောင်မလေးမျက်နှာကို ခိုးကြည့်သည့် အကြိမ်ရေသည် အချိန်နှင့် အမျှ ပိုစိပ်လာတာ ကောင်မလေးရိပ်မိသည်.. သို့သော် ..ကောင်လေး မျက်နှာကို သေချာပြန်ကြည့်နိုင်ဖို့ စွမ်းအားတွေ ကုန်ဆုံးနေသလို ကောင်မလေး ရင်ထဲမှာလည်း နွမ်းလျ နေသည်။
ဒီလိုနှင့် ကောင်မလေး အိမ်ဘက်သို့ ခြေဦးပြန်လှည့် ကြချိန်တွင် ကောင်လေးက ကောင်မလေးလက်ကို မထင်မှတ်ဘဲ ကောက်ကိုင်လိုက်ပြီး အလန့်တကြား ပြန်ကြည့်သော မျက်လုံးဝိုင်းများကို အချိန်ကြာကြာ ငေးကြည့်နေသည်။
ကောင်မလေးနှင့် ကောင်လေး တစ်ဦးကို တစ်ဦး ဆွံ့အစွာ ဘယ်လောက် အချိန်ကြာကြာ ငေးကြည့်နေမိမှန်း ကောင်မလေး မပြောတတ်ပါ။
ကောင်မလေး အသက်ပြန်ဝင်လာသလို ကြောင်ငေးနေရာမှ သတိပြန်ဝင်လာချိန်တွင် သူမ လက်သူကြွယ်တွင် ကောင်လေးစွပ်ပေးသော လက်စွပ်လေး တစ်ကွင်း ရှိနေပြီ။
ကောင်လေးက ကြည့်စမ်း ရုပ်ဆိုးလိုက်တဲ့ ဒီလက်စွပ်ယူသွား ကြားလား။ ဒါမှ သူများတွေက နင့်လက် ရုပ်ဆိုးတာ မသိအောင်။ နင်အရမ်း ချွတ်ထားချင်စိတ်ရှိတဲ့ နေ့မှာ ချွတ်ထားပါ ငါ စိတ်မဆိုးပါဘူး။ ကဲ သွားတော့နော် မိုးချုပ်နေပြီ ။ နင်အိမ်က ခရီး သွားကာနီးမို့ စိတ်ပူနေဦးမယ်။ ဟိုမှာလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်။ ကောင်းကောင်းသွား ကြားလားဟု ဆိုပြီး လှည့်ထွက်သွားခဲ့သည်။
ဘာဖြစ်ဖြစ် တစ်ယောက်ရင်ထဲ တစ်ယောက် နားလည်ခံစားနိုင်ကြပါသည်။
ကောင်လေးငယ်ငယ်က ပြောသလို .. “ နင့်ကို ငါ ထိခိုက်အောင်၊ ဝမ်းနည်းအောင် ဘယ်တော့မှ မလုပ်ဘူး၊ လုပ်ခဲ့မိရင်တောင် မဖြစ်မနေ လုပ်ရမှာမို့ အသက်သာဆုံးဖြစ်အောင် လုပ်တာလို့ မှတ်ထားနော်” ဆိုသည့်အတိုင်း ကောင်လေးဟာ.. သူမ နစ်နာ နာကျင်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့တာ အမှန်ပဲမို့ ..
ဒီလက်စွပ်လေးသာ.. ကောင်လေးရင်ထဲက စကားတွေ အသက် တစ်နေ့ ဝင်လာခဲ့ရင် ..
ကောင်လေးက.. နင်တစ်ယောက်တည်း နေရမှာ သနားလို့ဟု
စကားနိုင် လုဦးမှာပဲလို့ ကောင်မလေးတွေးရင်း ပြုံးမိသည်။
ထိုသို့ မဟုတ်ဘဲ..
တစ်ချိန် ဒီလက်စွပ်ကလေး အသက်ဝင်မလာ ခဲ့ရင်တောင်..
ကောင်လေး ရင်ထဲက စကားတွေ .. အသက်ဝင်မလာခဲ့ရင်တောင်..
ကောင်မလေး.. နားလည် နိုင်လိမ့်ဦးမည်… ။
သူတို့နှစ်ဦးကြားမှာ ပျိုးထောင်စရာမလိုသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် နားလည်မှု၊ စိတ်ချယုံကြည်မှု တွေနှင့် အေးမြသည့် ကောင်လေး မေတ္တာကို ကောင်မလေး ယုံကြည် တန်ဖိုးထားသည်..
ကောင်လေးကို သတိရ ရခြင်းသည် ပူလောင်မှု ကင်းသလို.. ကောင်လေး ဘယ်နေရာရှိရှိ သူ့အကြောင်းတွေးလျှင် လုံခြုံမှုကို ခံစားရသည်။
ကောင်လေးသည် ကောင်မလေး မျက်ရည်များကို သန့်စင်စွာ သုတ်ပေးလေ့ ရှိသော ပေးဆပ်သူတစ်ယောက်လည်း ဖြစ်သောကြောင့်ပင်..
ကောင်လေး၏ ရယူခြင်းကင်းသော မွန်မြတ်သောစိတ်၊ ထိန်းချုပ်နိုင်စွမ်းအားကို ကောင်မလေး လေးစားမြတ်နိုးပါသည်။
သူမ လက်သူကြွယ်ရှိ လက်စွပ်လေးကို ထပ်မံ ပွတ်ကြည့်ရင်း .. တစ်ယောက်တည်း ရှင်သန်နေရတဲ့ နေ့တွေမှာ လုံခြုံမှုနဲ့ အားအင်တွေ ပေးလို့ ကျေးဇူးပါကွယ်လို့.. တိုးတိုးလေး ပြောရင်း.. ပြုံးနေသည့် ကောင်မလေးကို ချမ်းစိမ့်သော လေးအေးက လာထိကစားသည်..
အော် တဆောင်းသစ်ခဲ့ပြန်ပြီ…။
အလွမ်းပြေ

နောင်တဆယ်ပါး တရားကဗျာ

Filed Under () by CHAN LON MON LAY on

Posted at : 3:36 AM

နောင်တဆယ်ပါး တရားကဗျာ

ပြည်ဗာရာဏ မြို့မစည်ပင်
ဇနသန္တ မည်ရဘုရင်
အလောင်းတော်မြတ် မိန့်မှတ်ပြည်တွင်
ဟောဖော်ကြား ဆယ်ပါးနောင်တပင်။
ငယ်စဉ်ပညာ မသင်ခြင်း
ငယ်စဉ်ကာလ သိပ္ပများစွာ
မသင်မကြား မှတ်သားမရှာ
စီးပွားရေး၌ ဝန်လေးနောင်ခါ
ပူကြောင့်ကြ နောင်တဖြစ်တတ်စွာ။

“စီးပွားမစုခြင်း”
ကံအားဉာဏ်အား စီးပွားနုပျို
ရှိပါလျက်သား စီးပွားမသို
မရှာမှီးပဲ သက်ကြီးရွယ်အို
နောင်တကြီး ပူမီးဆိုက်လို့ဖို။

“သူတစ်ပါးသားမယား ပြစ်မှားခြင်း”
အရွယ်ရှိတုန်း ရယ်ပြုံးပျော်ပျော်
မိတ်ကောင်းဆွေကောင်း မပေါင်းမဖေါ်
သူ့မယား၌ မှောက်မှားချွတ်ချော်
စိုးရိမ်ရ နောင်တအပူပေါ်။

“သူတစ်ပါးချစ်ခြင်း ဖျက်စီးခြင်း”
သူနှစ်ဦးတို့ အထူးခုံမင်
ချစ်ခင်အေးချမ်း အကျွမ်းတဝင်
ကွဲပြားစေသော ကုန်းချောမိလျှင်
မှားလေစွ နောင်တပူဖို့ပြင်။

“သူတစ်ပါးအသက် သတ်ခြင်း”
မညှာရက်စက် သူ့သက်ဇီဝေ
မျက်မာန်ကြမ်းကြုတ် သတ်ပုတ်မိချေ
နောင်ခါကျတော့ တွေးဆပူစေ
မှားလေခြင်း ပူပြင်းနောင်တတွေ။

“မပေးလှူခြင်း”
ဥစ္စာဓန လောက်ငကုံလုံ
သုံးဆောင်ဖွယ်များ ထင်ရှားအစုံ
ပေါကြွယ်ဋ္ဌေးလည်း မပေးလှူတုံ
နောင်ခါကြ နောင်တယူဖို့ကြုံ။

“မိဘအား မလုပ်ကျွေးခြင်း”
ကျေးဇူးကြီးလှ မိဘနှစ်ဆူ
ကျွေးရေးမွေးရေး အလေးမမူ
လုပ်ကျွေးနိုင်သား ပစ်ထားသောသူ
စိတ်သာချ ဒိဋ္ဌနောင်တပူ။

“မိဘစကား နားမထောင်ခြင်း”
ငယ်ရွယ်ခိုက်မို့ အမိုက်တွင်တွင်
မိဘစကား ထောင်နားမဝင်
ထင်ရာစိုင်းလို့ ထင်တိုင်းပျော်ရွှင်
နောင်ခါရောက် စိတ်နောက်နောင်တပင်။

“ပညာရှိနှင့် မပေါင်းခြင်း”
ပညာရှိပေါင်း သူကောင်းသူတော်
ဆည်းကပ်ချိန်လည်း မှီဝဲမပျော်
လိမ္မာကင်းလို့ မှုခင်းကြုံသော်
နောင်တကြီး ဖိစီးပူဖို့နော်။

“ကုသိုလ်ကောင်းမှု မရှိခြင်း”
ကုသိုလ်သိုက်မျိုး စိုက်ပျိုးထူထောင်
များအောင်ပေါင်းစု ကောင်းမှုမဆောင်
မျက်နှာလွှဲလို့ အမြဲသွေရှောင်
နောင်ခါကျ နောင်တပူမီးလောင်။

နောင်တ ဆယ်ပါး တရားကြည်ညို
စွဲယူကြပ်ကြပ် သိအပ်သကို
စိတ်ဝယ်စွဲလို့ အမြဲပိုက်သို
ကြဉ်ရှောင်ကြ နောင်တပူမီးကို။


ဓမ္မလင်္ကာများ...၁။ မြတ်စွာဘုရားနှင့် သိကြားဗြဟ္မာ၊ ပစ္စေကနှင့် အဂ္ဂသာဝကာ၊
ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၂။ ကောင်းကင် မြေမိုး ပျံလျှိုးနိုင်စွာ၊ အသိဉာဏ်စွမ်း လျှမ်းလျှမ်းဖြာဖြာ၊
ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၃။ စကြာမာရ်နတ် မင်းမြတ်ရာဇာ၊ ရေမြေပိုင်သ စိုးရဖြာဖြာ၊
ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၎။ ရွှေ ငွေ ဘောဂ ပေါပြည့်လှစွာ၊ သူကြွယ်,သူဌေး ပဂေးများစွာ၊
ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၅။ ဂုဏ်ရှိမရှိ များဘိလှစွာ၊ ရုပ်ရည်လှပ မလှလေရာ၊
ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၆။ ဆွေမျိုးမိဘ များလှသူငါ၊ သမီး သားနှင့် မြေးများဖြာဖြာ၊
ကွေကွင်း သေခြင်း မငြင်းနိုင်ရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၇။ မီးရထားနှင့် စီးသွားပုံပမာ၊ သေမင်းလက်တွင်း သက်ဆင်းရရှာ၊
ဘဝပြောင်းလို့ အဟောင်းစွန့်ကာ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၈။ အဟောတဝ လောကဘုံမှာ၊ တွေ့ဆုံကြုံကွဲ မလွဲနိုင်ရှာ၊
မုချဒုက္ခ ရှုပ်စွသူငါ၊ အနိစ္စ ဒုက္ခ အနတ္တာ။

၉။ ဆုံလိုက်ကြုံလိုက် ဘုံ၌ဖြစ်ခါ၊ မိဘ,သားသမီး အများကြီးဖြစ်လာ၊
တစ်နေ့ကြတော့ ကွဲရလေရှာ၊ အနိစ္စ ဒုက္ခ အနတ္တာ။
အနတ္တလက္ခဏာ။


အမေ

Filed Under () by CHAN LON MON LAY on Friday, December 24, 2010

Posted at : 8:46 PM

ငါ့အက်ဆစ်တွေ

ဆုံးရှုံး... လွန်မြောက်ခြင်းများကိုသာ... တခုပ်တရ... အဟုတ်တကယ်... အစွန့်ပယ်ခံ... ပြန်အသုံးမ၀င်... တန်ဖိုးမဲ့... ဖဲချပ်များလို... အပြန်ပြန်... အလှန်လှန်... အထပ်ထပ်.. အသေချာချာ... သပ်သပ်ရပ်ရပ်... စီကာ... စဉ်ကာ... နောက်ထပ်... စီထပ်သွားရင်း... ကုလားဖန်... အမျိုးမျိုးကို... ထိုးထိုးနေရသော... ဘ၀ဆိုး၏... ဒီဇင်ဘာထဲမှာမှ... ခရစ္စမတ်ည... တညကို... ကျွန်ုပ်...ရရှိခဲ့ဖူးပါသည်... ဆိုသည်မှာ... အသေအချာ... မဟုတ်သည်မှာ... သေချာနေပါပြီ... ဟာလေလုယ... ငါ့မှာက... နံနက်ခင်းတွေ... ရှိနေသေးတယ်... ဟု... အားတင်း... ကျုံးဝါးပြီးသည့်နောက်... ဒူးမထောက်ပဲ... လဲပြိုခဲ့ရသော... တိမ်ညို... ကမ်းပါးပျောက်... မူးနောက်... မိုးမှောင်ကျ... အချိန်နာရီ ကာလများအတွင်း... စဉ်းလဲခြင်း... ဆူးရထားတစင်း... ရင်တွင်းမီးဖိုကလေး... တခုကို... အပြင်းထန်ဆုံး... တိုက်ချ... ပြေးထွက်... တက်နင်းသွားပြီးသည့်အခါ... ဟိုးအဝေးမှ... နေကြတ်... လကြတ်... မြောက်အရပ်သို့... လှည့်ပတ် သွားလာနေသော... နဂါးဦးခေါင်းသည်လည်းကောင်း... ရှေ့ဟောင်းနှောင်းဖြစ်... သမိုင်း အစစ်အမှန်များသည်... ဒဏ္ဍာရီအားဖြင့်လည်းကောင်း... အားကောင်း မောင်းသန်လာသည့်အခါ... ငါလျှောက်လာခဲ့တဲ့... လမ်းအဆုံးမှာ... အမုန်းက... ပန်းလိုပွင့်ပြီး... အချစ်က... လည်လှီးံခံလိုက်ရတဲ့... စက္ကန့်တွေ... မျက်နှာဖုံး... ထူထူတွေ တပ်ထားပြီး... စကားလုံး ဖြူဖြူတွေ... ကပ်ထားတဲ့... စာအုပ်များထဲက အစ်ဇမ်း မှန်သမျှကိုလည်း...ဘာမှ မပြောလိုပြီ...

နှင်းရေ့...
အင်းလျားလမ်းက စောင့်ပါ...
အဓိပတိလမ်းကစောင့်ပါ...
ပြည်လမ်းက စောင့်ပါ...
ခရမ်းပြာက စောင့်ပါ...
ဟံသာဝတီအ၀ိုင်းက စောင့်ပါ...
တံတားဖြူက စောင့်ပါ...
ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့က စောင့်ပါ...
လှည်းတန်း အ၀ိုင်းရှိခဲ့တဲ့နေရာဟောင်းက စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

နောက်ဆုံးမိနစ်


ဘ၀က အမြဲတမ်းအချိတ်အဆက်လွဲတယ်
အမေရယ်...
အဝေးပြေးလမ်းမပေါ်တက်ပြီး
ကျွန်တော်နောက်ကျမှန်းသိတဲ့အချိန်
နှစ်ကာလတွေက တ၀ီဝီဖြတ်သန်းသွားပြီ
ယုံယုံကြည်ကြည် စူးနစ်ခဲ့သမျှ
နက်နက်ရှိုင်းရှိုင်းနာကျင်ခဲ့ရတယ်
စာရေးဆရာရှစ်နှစ်သား
ဘလော့ဂါသုံးနှစ်သား
အမေ့အတွက်တော့
လက်ကြောမတင်းတဲ့ နှစ်ဆယ့်ရှစ်နှစ်သားကြီးပေါ့
မအောင်မမြင်မချင်း အမေ့အိမ်မပြန်ဘူး
မာနတွေတင်းခံခဲ့သမျှ
အမေ့ဆီပြန်မရောက်တာပဲ အဖတ်တင်ခဲ့တယ်
မြိုကြီးတွေ မလွယ်ပေါက်ကနေ
ခွေးတိုးဝက်ဝင်ရှင်သန်နေရတဲ့ကောင်
နောက်ကျောမှာ လှောင်ရယ်သံတွေပဲ
ပဲ့တင်ပြန်လာတယ်...
အိပ်မက်တွေ အတည်တကျမက်ဖို့
ကျွန်တော့် ညရေးညတာတွေခက်နေတုန်း
အခန်းလွတ်တွေထဲ
တိတ်တိတ်ပုန်းကြေကွဲဖူးပါရဲ့
နောက်ဆုံးမိနစ်မရောက်ခင်
အေးစက်နာကျင်တဲ့ ကျွန်တော်ဝတ်ရုံကိုချွတ်လို့
အမေ့ဆီမှာ
သန့်သန့်စင်စင် လူပြန်ဖြစ်ချင်ပါသေးတယ်... အမေ။ 


မိုးလှိုင်ည 




အမေ့ပင်လယ်ကူးသဘောင်္လေး
မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။


လင်းဒီပ

အမေ့ရဲ့မြစ်
 အဖေ...သားကိုချစ်လားတဲ့
သားက
ကျွန်တော့်ကိုမေးတယ်...
ကျွန်တော်လည်း
ပြန်မေးမိတယ်
အဖေ.. သားကိုချစ်လား... အမေ...


ကျွန်တော်တို့တစ်တွေဟာ
လသာတဲ့ညတွေမှာ
ကြီးပြင်းခဲ့တာပါ....
အမေဟာ
ဘယ် အလင်းနဲ့များ ဝင်းပနေပါလိမ့်....

Ko Wunna Ko

မေမေ့ကိုမပြောဖြစ်ခဲ့ဘူး

မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ အိပ်ယာဝင်ပြီး
မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ မျက်နှာသစ်တတ်ခဲ့တာတော့
ကြာပါပြီ...
ဒါပေမယ့် မေမေသိအောင် မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့။

အလုပ်တွေ အရမ်းများနေလို့ပါမေမေလို့ မပြောတော့ပါဘူး...
မေမေ့ကိုလွမ်းဖို့အတွက်တော့ လုံလောက်တဲ့ အချိန်တွေရှိပါသေးတယ်မေမေ။
ပြီးတော့
လွမ်းတာထက်ပိုတဲ့ တမ်းတနေမိတဲ့အချိန်တွေလဲ ရှိသေးတယ်မေမေ..
အထူးသဖြင့်
အောင်မြင်မှုတွေကြုံရတိုင်း
ဆုံးရှုံးမှုတွေကြုံရတိုင်း
မတော်တဆ ခလုတ်တိုက်မိတဲ့အချိန်တိုင်း
လူညာတွေနဲ့တွေ့တဲ့အချိန်တိုင်း
မာနကြီးဖို့ မေ့လျော့နေတဲ့အချိန်တိုင်း
အိပ်မက်ဆိုးက လန့်နိုးလာတိုင်း
ဝမ်းနည်းစွာ ငိုကြွေးမိတဲ့အချိန်တိုင်း
စိတ်ဓါတ်ကျအားငယ်မိတဲ့အခါတိုင်း
တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်း
ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့အခါတိုင်း
မေမေလို့ တိုးတိုးလေးရွတ်နေမိတယ်...
မေမေ့ကိုတော့ မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့..

မေမေနဲ့အဝေးမှာ
သမီးအတွက် အခက်အခဲတွေ ရှိနေခဲ့သလို
မကြာခဏတွေ့ရတတ်တဲ့ အဆင်မပြေမှုတွေလဲရှိသေးတယ်မေမေ
ပြီးတော့ မိန်းကလေးတစ်ယောက်အတွက်
မမြင်ရတဲ့ အန္တရာယ်တွေလဲ ရှိနေသေးတယ်မေမေ..
ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့...

မေမေ့ကို သနပ်ခါးသွေးပေးခဲ့တဲ့အချိန်တွေကို အရမ်းလွမ်းတယ်...
ကိုယ်တိုင်ထမင်းဗူးပြင်ဆင်ရတိုင်း
မေမေပြင်ပေးခဲ့တဲ့ ထမင်းဗူးလေးကိုသတိရလို့
ထမင်းဗူးမထည့်မိအောင် ကြိုးစားနေခဲ့တဲ့အချိန်တွေလဲ ရှိခဲ့ဘူးတယ်မေမေ..
ဒါတွေကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့နော်..

မေမေနေကောင်းလားလို့ မေးဖို့ ဆွံ့အနေတဲ့ သမီးကို
သမီးနေကောင်းလား လို့မေးဖို့ မပျက်ကွက်ခဲ့တဲ့ မေမေ့ကို
လိမ်ညာမိခဲ့တဲ့ အချိန်တွေလဲရှိခဲ့ဘူးတယ်မေမေ..
မကြာခဏချူချာလွန်းတဲ့ သမီးအတွက် မေမေစိတ်ပူနေမှာစိုးလို့ပါ..
ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးမေမေ...

တကယ်ဆို သတိရတဲ့စိတ်တွေနဲ့ ပူလောင်နေပေမယ့်...
အမေ့အိမ်ကိုလွမ်းတယ်...
ချစ်တဲ့သူတွေကို အရမ်းလွမ်းတယ်လို့ ပြောမထွက်ခဲ့ပြန်ဘူး မေမေရေ..
မေမေ့သမီးက စိတ်ပျော့ပေမယ့်
သူများသနားမှာကိုလဲ မလိုချင်ပြန်ဘူး.....
ဒါကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူး ထင်ပါရဲ့ မေမေ..

မေမေ့နားမှာ နေခွင့်ရခဲ့တဲ့ အချိန်တွေမှာ
စာနာစိတ်နဲ့ နားလည်ပေးခဲ့တဲ့ မေမေ့ကို အရမ်းချစ်ခဲ့ဘူးတယ်..
အခုလို အဝေးကြီးမှာရောက်နေတာတောင်
အချိန်အကြာကြီးနေမှ
မေမေနေကောင်းလားလို့ မေးတတ်တဲ့သမီးကို ထပ်ပြီးနားလည်ပေးနေတတ်တဲ့
မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်မေမေ..
ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးလေ...

မေမေ့ကို ခဏခဏလွမ်းနေခဲ့တာကိုတောင်
မသိချင်ယောင်ဆောင်နေမိတဲ့အထိ
သမီးက မာနကြီးနေခဲ့လားမသိဘူးနော်...
တကယ်လို့ မေ့မေ့သမီးက မာနကြီးခဲ့တယ်ဆိုရင်လဲ
မာနကြီးတတ်အောင်သင်ပေးခဲ့တဲ့
မေ့မေ့ကိုကျေးဇူးတင်မိပါတယ်...
သမီးလဲ မေမေ့လိုပဲ
ချစ်တဲ့သူတွေအပေါ်မှာ
မာနပိုကြီးတတ်ခဲ့တယ် မေမေ...
ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးနော်..

ဆိုးလွန်းတဲ့ သမီးတစ်ယောက်ကို အမြဲတမ်းလဲနားလည်ပေးပါ မေမေ..
မေမေ့သမီးက မေမေ့ရင်ခွင်ထက်
လွတ်လပ်မှုတစ်ခုကို ပိုပြီး မက်မောနေတတ်တာကိုလဲ
မသိချင်ယောင်ဆောင်ပေးပါအုံးမေမေ..

တကယ်ဆို မေမေ့ကို မပြောဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ
တစ်ခုမကရှိခဲ့ပါတယ်မေမေ

သမီးအတွက်
မေမေစိတ်ပူနေမှာစိုးတယ်...
မေမေသောကရောက်နေမှာစိုးတယ်..
သမီးကိုလွမ်းလို့ မေမေပူလောင်နေမှာစိုးတယ်...
ပြီးတော့ မေ့မေ့ကို ချမပြရက်တဲ့ ဝေဒနာဆိုးတွေကို မေမေသိမှာစိုးလို့ပါမေမေရယ်...


SnowLay
( အမရာ ရေးတာတွေ့လို့ ရေးဖြစ်သွားတယ် ကျေးဇူးပါ အမရာ)

(International Mother Day အမှတ်တရ)

korea မင်းသာမင်းသမီး အကြောင်

Filed Under () by CHAN LON MON LAY on

Posted at : 6:25 AM


Printer Friendly Page
အတိုအထွာသတင်းများ(၄၀)

Han Hye-jin is back on the drama
business by MBC 'Mate'
ဂျူးမွန်မင်းသမီး Han Hye-jin ပြန်လာပြီး
Jumong ဇာတ်လမ်းတွဲ ဖြင့်နာမည် ကြီးလာ ခဲ့သော မင်းသမီး Han Hye-jin ဟာ TV ဇာတ်လမ် တွဲများနှင့် ၄နှစ်မျှ အဆက်ပြတ် နေခဲ့ ပါတယ်။ မင်းသမီးသည် MBC မှပြသမဲ့ Mate အမည် ရှိတဲ့ TV ဇာတ်လမ် တွင်မကြာမီ ပါဝင် သရုပ်ဆောင် တော့မယ် လို့သိရ ပါသည်။
Source : Han Hye-jin is back on the drama business by MBC 'Mate'

Ha Ji-won's self celebration for her drama comeback
Ha Ji-won လည်းပြန်လာတော့မှာပါ
Ha Ji-won ဟာ TV ဇာတ်လမ် တွဲများနှင့် ၄နှစ်မျှ အဆက်ပြတ် နေခဲ့ ပါတယ်။ မင်းသမီးသည် SBS မှပြသမည့် Secret Garden အမည်ရှိသော TV ဇာတ်လမ် တွင်မကြာမီ ပါဝင် သရုပ်ဆောင် တော့မယ် လို့သိရ ပါသည်။
Source : Ha Ji-won's self celebration for her drama comeback

"Daemul - Big Thing" remains atop
TV charts but sees slight drop in ratings
Daemul ဇာတ်လမ်းတွဲတိုင်ထိပ်တွင်ရှိနေဆဲ
ကိုးရီးယား အမျိုးသမီး သမတ တစ်ဦး အကြောင်း စိတ်ကူးယဉ် ဇာတ်လမ်း နောက်ခံ နဲ့ ရိုက်ထားတဲ့ Daemul - Big Thing အမည် ရှိတဲ့ TV ဇာတ်လမ်းတွဲ ဟာ ဗုဒ္ဓဟူး၊ ကြာသပတေး ၂ရက် ပြတဲ့ ဇာတ်လမ်းတွဲ တွေထဲမှာ rating 24.35 % နဲ့ထိပ်ဆုံး က ပြေးနေဆဲ ဖြစ်ပါတယ်။
မင်းသမီး Ko Hyeon-jeong နဲ့ မင်းသား Kwon Sang-woo တို့ခေါင်းဆောင် ပါဝင်ပြီး SBS TV မှထုတ်လုပ် တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
Source : "Daemul - Big Thing" remains atop TV charts but sees slight drop in ratings

'Pretty Boy' Lee Min-ho has
scratches on his knuckles.... Why?
မင်းသားလေးလက်ရှသွားရှာတယ်
မင်းသား Lee Min-ho ဟာ SBS TV ထုတ်လွှင့်မဲ့ City Hunter ဇာတ်လမ်းတွဲမှာ Kang-jin အမည်ရှိတဲ့ CIA agent ဟောင်း၊ လူကြမ်းကြီး အသွင်နဲ့ ပါဝင် မှာဖြစ် ပါတယ်။
ဒီကားနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတွေ ထုတ်ပြန် ခဲ့ရာ၊ fans များက မင်းသားရဲ့ လက်မှာ ချစ်ရာတွေ တွေရလို့၊ ဒီကိစ္စ ကို ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြ ပါတယ်။
မင်းသားရဲ့ agency အဆို အရ City Hunter ဇာတ်လမ်းတွဲ ရဲ့ action ခန်းတွေ ရိုက်ရာက၊ ရထားတဲ့ ဒါဏ်ရာတွေ ဖြစ်တယ်လို့ သိရ ပါတယ်။
Source : 'Pretty Boy' Lee Min-ho has scratches on his knuckles.... Why?

Jang Geun-seok said that he actually drank with
Moon Geun-yeong during the shooting
အရက်တော်တော်သောက်နိုင်တဲ့အွန်စောငယ်
ပြသဆဲ ဇာတ်လမ်းတွဲ Marry Me, Mary မှာ မင်းသား Jang Geun-seok နဲ့ မင်းသမီး Moon Geun-yeong (အွန်စောငယ်) တို့ပါဝင် သရုပ်ဆောင် နေကြ ပါတယ်. ရိုက်ကွင်းနား တဲ့အချိန် တွေမှာ ဝိုင်းဖွဲ့ပြီး သောက်တတ် ကြပါတယ်။
မင်းသား Jang Geun-seok က သူဟာ တစ်ခွက်နဲ့ မှောက်နေ ပေမဲ့၊ မင်းသမီး Moon Geun-yeong ကတော့ တော်တော် သောက်နိုင်တယ် လို့ ပြောသွား ပါတယ်။
ဒီလောက် မဟုတ် ပါဘူး၊ အဖေက မူးပြီး ပြန်လာရင် အသေဘဲ လို့ပြော ထားလို့ ကျွန်မ ဟန်ဆောင် နေတာပါ၊ ရင်ထဲမှာတော့ ဘလောင် ဆူနေ ပါတယ် လို့ မင်းသမီး Moon Geun-yeong က ပြန်လည် ချေပ သွာပါတယ်။
Source :
Jang Geun-seok said that he actually drank with Moon Geun-yeong during the shooting


"NO sponsor for baby product" said
Jang Dong-gun and Ko So-young
ကျွန်တော့သားဟာကြော်ငြာဖို့မဟုတ်ပါ
မင်းသား Jang Dong-gun နဲ့ မင်းသမီး Ko So-young တို့ကို ခလေး အသုံးအဆောင် (baby supplies) လုပ်ငန်းရှင် များက၊ ဝိုင်းဝိုင်းလယ်အောင် ချဉ်းကပ် ကြပါတယ်။
မကြာမှီ ကမှ မွေးထားတဲ့ သူတို့ရဲ့ သားကလေး ကို sponsor လုပ်ပြီး၊ ခလေး အသုံးအဆောင် များ ကြော်ငြာ ချင်ကြလို့ ချဉ်းကပ် ကြတာ ဖြစ်ပါတယ်။
Jang Dong-gun နဲ့ Ko So-young တို့ရဲ့ အဖြေကတော့ "NO" ပဲဖြစ်ပါတယ်။
Source : "NO sponsor for baby product" said Jang Dong-gun and Ko So-young

Korean fans enraged at Taiwanese
talk show over Girls' Generation
Girls' Generation ၏ fan များဒေါသထွက်ကြခြင်း
ထိုင်ဝမ် မှာ ကိုးရီးယား အနုပညာ လောက အကြောင်း TV ဆွေးနွေး ပွဲတစ်ခု မကြာမှီက ပြုလုပ် ခဲ့ ပါတယ်။ ကိုးရီးယား အနုပညာ လောက မှ အမျိုးသမီးလေး များဟာ၊ လုပ်ငန်းရှင် များ၊ အခြား အာဏာ ရှိသူ များနဲ့ ဝတ္တရား အရ ပုံမှန် အိပ်စက် ကြရကြောင်း ဆွေးနွေး သွားခဲ့ ပါတယ်။
ဆိုးသွား တာက၊ ဆွေးနွေးပွဲ စင်မြင့်ရဲ့ နောက်ခံ (background) မှာ Girls' Generation အဆိုအဖွဲ့ ရဲ့ poster ကြီးကပ်ထားပြီး၊ လိမ်ဝန်ဆောင်မှု (Sexual Service) ဆိုတဲ့ စာတန်းကြီး ရေးထား ခြင်းပါပဲ။
Girls' Generation ရဲ့ fan များ ဟာ သူတို့ အဆိုတော် တွေကို စော်ကား မော်ကား ပြုတာပဲ ဆိုပြီး ဒေါ်သ အမျက် ထွက်နေကြ ပါတယ်။
Source : Korean fans enraged at Taiwanese talk show over Girls' Generation

Big Bang's DVD reaches No. 1 on Oricon chart
Big Bang အဖွဲ့ ဂျပန် Oricon Chart #1 ရရှိခြင်း
Big Bang ရဲ့ DVD အခွေ "BIG SHOW BIG BANG LIVE CONCERT 2010" ဟာ ဂျပန် နိုင်ငံရဲ့ နာမည်ကြီး Oricon chart ရဲ့ ranking #1 နေရာကို ရရှိ ခဲ့ပါတယ်။ October 27 ရက်နေ့ အထိ ကော်ပီ ၁၅၀၀၀ ကျော် ရောင်းချ ခဲ့ရပြီး ဖြစ်တယ် လို့လည်း သိရ ပါတယ်။
Source : Big Bang's DVD reaches No. 1 on Oricon chart

YouTube version of Kim Hyun-joong
"Naughty Kiss" a big hit
Naughty Kiss ဇာတ်လမ်းတွဲ YouTube
တွင်ခေတ်စားနေခြင်း
Naughty Kiss ဇာတ်လမ်းတွဲ (ဟန်ဆောင်အနမ်း) ကို YouTube မှာ ၁၀ မိနစ် အပိုင်း တိုလေးများ အဖြစ် သက်ဆိုင်ရာ ကုမ္ပဏီ ကတင်ခဲ့ရာ အလွန် လူကြိုက် များနေတယ် လို့သိရ ပါတယ်။ (520,000 hits)
Naughty Kiss ဇာတ်လမ်းတွဲ ကို ကိုးရီးယား မှာ မပြသမှီ ကထဲက နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ ရောင်းချ ထားခဲ့ပြီး ဖြစ်ပါတယ်။
Naughty Kiss ကားတို များကို www.youtube.com/ytkiss မှာကြည့်နိုင် ပါတယ်။
Source : YouTube version of Kim Hyun-joong "Naughty Kiss" a big hit

Explosion during 'Sleeping with the Enemy'
shooting injured one person
ရုပ်ရှင်ရိုက်စဉ်ပေါက်ကွဲမှုဖြစ်ပြီးဒါဏ်ရာရခြင်း
Sleeping with the Enemy အမည်ရှိတဲ့ ရုပ်ရှင် ရိုက်နေစဉ်၊ ရိုက်ကွင်းသုံး ဖေါက်ခွဲ ပစ္စည်းများ ပေါက်ကွဲပြီး တစ်ဦး ဒါဏ်ရာ ရလို့ ဆေးရုံ တင်ထားရ ပါတယ်။ ရဲကလည်း စုံစမ်း မှုများ ပြုလုပ် နေပါတယ်။
ဒီရုပ်ရှင်မှာ Kim Joo-hyeok, Jeong Ryeo-won, Yoo Hae-jin, Byeon Hee-bong နဲ့ Yang Jeong-ah တို့ပါဝင် သရုပ်ဆောင် ကြပြီး ဒါရိုက်တာ Park Geon-yong မှဦးစီး ရိုက်ကူး နေပါတယ်။
Source : Explosion during 'Sleeping with the Enemy' shooting injured one person

Kim So-yeon will be joining 'ATHENA'
as North Korean top spy
ATHENA တွင် Kim So-yeon ပြန်ပါလာမည်
IRIS ဇာတ်လမ်းတွဲ ရဲ့ အဆက် ATHENA တွင် မင်းသမီး Kim So-yeon ဟာ မြောက်ကိုးရီးယား agent အဖြစ် ပြန်လည် သရုပ်ဆောင်မယ် လို့သိရ ပါတယ်။
ဝါရင့် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ Kim So-yeon ဟာ IRIS ဇာတ်လမ်းတွဲ မှာလည်း မြောက် ကိုးရီးယား agent အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင် နိုင်ခဲ့လို့ ဆုရရှိ ခဲ့ဖူး ပါတယ်။
မင်းသမီး ရဲ့ ပြသဆဲ Doctor Champ ဇာတ်လမ်းတွဲ ဟာ နိုဝင်ဘာ လ အကုန်တွင် ပြီးမှာ ဖြစ်ပါတယ်။ ပြီးပြီးချင်း ATHENA တွင် ဆက်လက် သရုပ် ဆောင်မှာ လို့သိရ ပါတယ်။
Source : Kim So-yeon will be joining 'ATHENA' as North Korean top spy

Resilient actress relishes dramatic return
ရုပ်ပြမဟုတ်၊ အရည်အချင်းဖြင့်နာမည်ကြီးနေသူ
မင်းသမီး Ko Hyeon-jeong ချောမော လှပသူ တစ်ဦး ဖြစ်ပါတယ်။ သို့သော် သူဟာ သရုပ်ဆောင်မှု အတွက် ပိုနာမည် ကြီးပါတယ်။
မကြာမှီက ပြသွားတဲ့ Queen Seon-deok ဇာတ်လမ်းတွဲမှာ သူဟာ ဒုတိယ မင်းသမီး(လူဆိုးမင်း သမီး မီရှီ) ပါ၊ ဒါပေမဲ့ ပရိသတ် က ဘုရင်မ Seon-deok (ဒုံမန်း) ထက် သူ့ကို ပိုပြီး အမှတ် ရကြ ပါတယ်။
အခု လောလောဆယ် ပြနေတဲ့ Daemul - Big Thing ဇာတ်လမ်းတွဲ မှာ ကိုးရီးယား အမျိုးသမီး သမတ အဖြစ် သရုပ်ဆောင် ရာမှာ၊ ကောင်းလွန်းလို့ rating ၂၆.၄% နဲ့ လူကြိုက် အများဆုံး ဖြစ်နေ ပါတယ်။
အပြိုင် ထိပ်တိုက် Rain ရဲ့ဇာတ်လမ်းတွဲ The Fugitive Plan B ရဲ့ rating ဟာ Daemul - Big Thing ရဲ့တဝက် ပဲ ရှိပါတယ်။
Source : Resilient actress relishes dramatic return

Girls' Generation reaches gold
with Japanese single "Genie"
Girls' Generation ရဲ့ ဂျပန် Single
ကော်ပီ ၁၀၀,၀၀၀ ကျော်ရောင်းရခြင်း
Girls' Generation အဆိုအက အဖွဲ့ရဲ့ ပထမဆုံ ဂျပန်ဘာသာ single သီချင်းဟာ ကော်ပီ ၁၀၀,၀၀၀ ကျော်ရောင်းရပြီး ရွှေဓါတ်ပြား (Gold Disk) အဖြစ် သတ်မှတ်ခြင်း ခံရ ပါတယ်။
September 8 ကစတင် ဖြန့်ချီ ခဲ့ရာ October 31 မှာ ကော်ပီ ၁၀၁,၂၅၂ ရောင်ချ ခဲ့ရပြီး၊ Oricon Chart မှာ အဆင့် ၂၅ ချိတ်ခဲ့ ပါတယ်။
Source : Girls' Generation reaches gold with Japanese single "Genie"

U-Know Yunho cast in upcoming action drama
U-Know Yunho ဇာတ်လမ်းတွဲရိုက်မည်
အဆိုတော် U-Know ခေါ် Jung Yunho ဟာ Poseidon အမည်ရှိတဲ့ TV ဇာတ်လမ်းတွဲ မှာ တွဲဖက် မင်းသား အဖြစ် ပါဝင်တယ် လို့သိရ ပါတယ်။
ခေါင်းဆောင် မင်းသား ကတော့ မကြာမှီက တပ်က ပြန်ထွက် လာတဲ့ မင်းသား Eric Moon ဖြစ်ပြီး၊ မင်းသမီး ကတော့ Kim Ok-bin ဖြစ်ပါတယ်။
Source : U-Know Yunho cast in upcoming action drama

Young celebs get early admits to college for 2011

L to R, Top Kara member Gu Hara, actresses Koo Hye-sun
and Seo Woo, bottom - 4minute member HyunA,
actress Ko Ah-seong and Lee Se-yeong
မင်းသမီးလေးတွေတက္ကသိုလ်တက်ကြပြီး
နာမည်ကြီး မင်းသမီး နဲ့ အဆိုတော် အချို့ဟာ မကြာမှီ ကောလိပ်ကျောင်း စတက် တော့မယ်လို့ သိရ ပါတယ်။
ကျောင်းတက်မဲ့ နာမည်ကြီး များကို အပေါ်ပုံမှာ ဖေါ်ပြထား ပါတယ်။ အပေါ်တန်း ဘယ်မှညာ Gu Hara (Kara အဖွဲ့) , မင်းသမီး Koo Hye-sun, မင်းသမီး Seo Woo တို့ဖြစ်ပြီး၊ အောက်တန်း ဘယ်မှညာ၊ HyunA (4minute အဖွဲ့), မင်းသမီး Ko Ah-seong, မင်းသမီး Lee Se-yeong တို့ဖြစ် ကြပါတယ်။
Source : Young celebs get early admits to college for 2011

Han Chae-young cast as heroine
in Chinese film "Big Deal"
Han Chae-young တရုတ်ကားရိုက်မည်
မင်းသမီး Han Chae-young ဟာ မကြာမှီမှာ Big Deal အမည်ရှိတဲ့ တရုတ် ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ လက္ခံထား ပါတယ်။
၂၀၀၅ ခုနှစ်က Golden Rooster award for Best Director ဆုရ ထားတဲ့ တရုတ် အမျိုးသမီး ဒါရိုက်တာ Liwen Ma မှဦးစီး ရိုက်ကူး မှာဖြစ် ပါတယ်။
Source : Han Chae-young cast as heroine in Chinese film "Big Deal"

2PM Break into World Music Chart in U.S
2PM အဖွဲ့ U.S. Billboard အဆင့် ၁၃ နေရာချိတ်ခြင်း
2PM အဖွဲ့ရဲ့ Still 02:00PM အမည်ရှိတဲ့ album ဟာ U.S. Billboard Chart မှာ အဆင့် ၁၃ ချိတ်တယ်လို့ သိရ ပါတယ်။
ဒီ album ဟာ တရားဝင် CD ချပ် အနေနဲ့ ရောင်းခဲ့တာ မဟုတ်ပဲ၊ အင်တာနက် digital download ရောင်းအားကို Nielsen SoundScan အဖွဲ့ စစ်တမ်း အရ Billboard 13# နေရာ ရခဲ့ တာဖြစ် ပါတယ်။
ဒီသတင်းကြောင့် 2PM အဖွဲ့ အနေနဲ့ အလွန်မှ အံ့သြ ဝမ်းသာ ဖြစ်နေကြ ပါတယ်။
Source :2PM Break into World Music Chart in U.S.

The Fugitive Plan B' Continues
Filming Without Actress Yoon Son-ha
မင်းသမီး Yoon Son-ha ဒဏ်ရာရရှိသွားခြင်း
ပြသဆဲ မင်းသား Rain ရဲ့ဇာတ်လမ်းတွဲ The Fugitive Plan B ထဲမှာ professor Hwang Mi Jin အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Yoon Son-ha ဟာ ယာဉ်တိုက်မှု ကြောင့်ဆေးရုံ တင်ထားရ ပါတယ်။
ထို့ကြောင့် ဇာတ်ညွှန်း တွေပြင်ပြီး တနေ ရာရာ ခရီးထွက် နေတဲ့ ပုံမျိုး ပြင်ဆင် ရိုက်ကူးနေ ပါတယ်။ နေကောင်းရင် အလွယ် တကူ ပြန်ဝင်ပြီး ရိုက်နိုင်အောင်လည်း ဖန်တည် ထားတယ်လို့ သိရ ပါတယ်။
Source : The Fugitive Plan B' Continues Filming Without Actress Yoon Son-ha

Hyeon Bin to enter military by March 2011
မင်းသား Hyeon Bin စစ်မှုထမ်းတော့မည်
မင်းသား Hyeon Bin ဟာ မဝင် မနေရ ၂ နှစ် စစ်မှုထမ်းရန် လာမဲ့ ၂၀၁၁ ခုနှစ် မတ်လမှာ စစ်ထဲဝင် တော့မယ်လို့ သိရ ပါတယ်။
စစ်မှု မထမ်းမှီ SBS ရုပ်သံရဲ့ Secret Garden ဇာတ်လမ်းတွဲ ကိုပြီးအောင် ရိုက်သွား မယ်လို့ သိရ ပါတယ်။
မင်းသား Hyeon Bin ဟာ အွန်စော (မင်းသမီး Song Hye-kyo) ရဲ့ချစ်သူ လည်းဖြစ် ပါတယ်။
Source : Hyeon Bin to enter military by March 2011

Will Yoon Eun-hye come back to
the screens after a 4-year gap
Yoon Eun-hye ရဲ့ရုပ်ရှင်ကားသစ်
မင်းသမီး Yoon Eun-hye ဟာ My Black Mini Dress အမည်ရှိတဲ့ ရုပ်ရှင်ကား ရိုက်ဖို့ လက္ခံ ထားတယ်လို့ သိရ ပါတယ်။ သူ့ရဲ့ နောက်ဆုံး ပါဝင် ခဲ့တဲ့ ရုပ်ရှင် ကတော့ လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ခဲ့တဲ့ My Fair Lady ဖြစ်ပါတယ်။
Source : Will Yoon Eun-hye come back to the screens after a 4-year gap?

Korean film "Passerby #3" wins
award at film fest in Japan
Passerby #3 ရုပ်ရှင်ဂျပန်မှ
ပေးသောဆုဆွတ်ခူးခြင်း
Passerby #3 ကိုးရီးယား ရုပ်ရှင်ဟာ ၂၃ ကြိမ်မြောက် ကျင်းပတဲ့ Tokyo International Film Festival မှ ချီးမြှင့်တဲ့ ဆုကို ဆွတ်ခူး ရရှိ ခဲ့ပါတယ်။
ဒီရုပ်ရှင် ဟာ မကြာမှီက ကျင်းပ ခဲတဲ့ ကိုးရီးယား မှာကျင်းပ ခဲ့တဲ့ ၁၁ ကြိမ်မြောက် Jeonju International film Festival မှာလည်း ဆုရရှိ ခဲ့ပါတယ်။
Source : Korean film "Passerby #3" wins award at film fest in Japan

Shinhwa Eric discharged from military
Eric Moon စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်း
မင်းသား Eric Moon (31) ဟာ ဥပဒေ အရ စစ်မှုထမ်း ၂ နှစ်ပြည့်မြောက် တဲ့အတွက်၊ October 30 ရက်နေ့က တပ်ကနေ ထွက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မကြာမှီ မှာ Poseidon လို့အမည် ရှိတဲ့ ဇာတ်လမ်းတွဲ ရိုက်ရန် ရှိပါတယ်။
Source : Shinhwa Eric discharged from military

North Korea emerges as animation producer
မြောက်ကိုးရီးယားတွင်ကာတွန်း
ရုပ်ရှင်ငန်းတွင်ကျယ်နေခြင်း
မြောက်ကိုးရီးယားတွင် ကွန်ပျူတာ အခြေခံတဲ့ ကာတွန်း ရုပ်ရှင် လုပ်ငန်းများ တွင်ကျယ် နေတယ် လို့သိရ ပါတယ်။ အနောက်နိုင်ငံ များက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား စတဲ့ ဈေးချိုတဲ့ နိုင်ငံ များသို့ လုပ်ငန်း များကို ကန်ထရိုက် စနစ်နဲ့ ချပေးကြ ပါတယ်။
၎င်းနိုင်ငံများ က အချို့လုပ်ငန်း များကို ဆပ်ကန်ထရိုက် ပြန်ချပေး ရာမှ စီးပွားရေး ပိတ်ဆို့ ခံထားရတဲ့ မြောက်ကိုးရီးယား နိုင်ငံမှာ ကွန်ပျူတာ အခြေခံ ရုပ်ရှင် ကာတွန်း လုပ်ငန်းများ တွင်ကျယ် လာတာ ဖြစ်ပါတယ်။
Source : North Korea emerges as animation producer

'Dae Jang Geum' will continue its journey in Europe
နိုင်ငံတကာသို့ထိုးဖေါက်နေတဲ့နန်းတွင်းရတနာ
နိုင်ငံတကာ သို့ ကိုးရီးယား အနုပညာ ထိုးဖေါက် ရာမှာ ရှေးဦးစွာ "နန်းတွင်းရတနာ" (Dae Jang Geum) ဇာတ်လမ်းတွဲ ကိုတင်ပို့ ပြသ စေပါတယ်။
အကြိုက်တွေ့ပြီး အသဲခိုက် သွားမှ နောက်က အခြား နာမည်ကြီး ဇာတ်လမ်းတွဲ တွေနဲ့ ဆက်တိုက် ထိုးဖေါက်တဲ့ နည်းဗျူဟာ ပါပဲ။
နိုင်ငံပေါင်း ၆၀ ကျော်ကို ဒီနည်းနဲ့ပဲ ထိုးဖေါက် ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က စတင် ပြသ ခဲ့တဲ့ "ချန်ဂင်" ရဲ့ "နန်းတွင်းရတနာ" ဇာတ်လမ်းတွဲဟာ အလွန်တရာ မှ အနုပညာ အစွမ်းထက် ပါတယ်။
Source : 'Dae Jang Geum' will continue its journey in Europe

Won Bin won his first Daejong Best Actor Award
Won Bin ရဲ့အောင်မြင်မှု
၂၀၀၀ ခုနှစ်က နာမည်ကျော် ခဲ့တဲ့ Autumn in my Heart ဇာတ်လမ်းတွဲ မှာ နာမည်ကြီး လာခဲ့သူ များကတော့ အွန်စော (Song Hye-kyio), ဂျွှန်စော (Song Seung Hun), ထယ်စောက် (Won Bin), အွန်စောငယ် (Moon Geun Young) နဲ့ စိတ်ပုတ်မ လုပ်တဲ့ (Han Chae Young) တို့ပဲ ဖြစ်ပါတယ်။ အားလုံးဟာ ယနေ့တိုင် လျှမ်းလျှမ်းတောက် နာမည်ကြီး နေကြဆဲ ဖြစ်ပါတယ်။
Won Bin ကတော့ နာမည်ကြီး သော်လည်း သူရိုက် ခဲ့တဲ့ ဇာတ်လမ်းတွဲ နဲ့ ရုပ်ရှင် တွေကတော့ သိတ် အားရစရာ မရှိခဲ့ပါ။ Won Bin ဟာ ၂၀၀၅ နှစ်ကုန် မှာစစ်ထဲ ဝင်သွားပြီး ၂ နှစ်အကြာမှာ ပြန်ထွက် လာပါတယ်။
ထိုနောက်ပိုင်း ရိုက်တဲ့ ရုပ်ရှင်တွေဟာ အလွန်ပေါက် တဲ့ block buster တွေဖြစ်လာ ပါတယ်။ နောက်ဆုံး ရိုက်တဲ့ The Man From Nowhere ဟာ ဝင်ငွေ စံချိန်ချိုး ခဲ့ပါတယ်။ ဒီကား အတွက် Daejong ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံး မင်းသား ဆုကို ရရှိ ခဲ့ပါတယ်။
Source : Won Bin won his first Daejong Best Actor Award

Best Star Actors in Second Half of 2010
Are Won Bin and Sin Min-ah'
လူကြိုက်အများဆုံးမင်းသမီနဲ့မင်းသား
Leesprင Research Institute ရဲ့စစ်ဆမ်း ကောက်ချက် အရ ၂၀၁၀ နှစ် ဒုတိယ ၆ လ ပိုင်းမှာ လူကြိုက် အများဆုံး မင်းသား နဲ့ မင်းသမီး တို့ဟာ Won Bin နဲ့ Sin Min-ah တို့ဖြစ်ကြပါတယ်။
Source : Best Star Actors in Second Half of 2010 Are Won Bin and Sin Min-ah'

Koo Hye-seon's 1st feature "Magic - 2010"
invited to Tokyo film fest
ဂျပန်ရုပ်ရှင်ပွဲတော်တွင်
Koo Hye-seon ၏ရုပ်ရှင်ဝင်နွှဲမည်
မင်းသမီး Koo Hye-seon မကြာမှီက director အဖြစ် ထုတ်လုပ် ခဲ့တဲ့ "Magic - 2010" အမည်ရှိ ရုပ်ရှင် ကို၊ ၂၃ ကြိမ်မြောက် Tokyo International Film Festival မှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ် ခြင်းခံထား ရတယ်လို့ သိရ ပါသည်။
Source : Koo Hye-seon's 1st feature "Magic - 2010" invited to Tokyo film fest

Lee Min-ho wins more hearts
in Asia with "Personal Taste"
အာရှတွင် Lee Min-ho အား လူပိုကြိုက် လာခြင်
အာရှ တခွင်မှာ မင်းသား Lee Min-ho ဟာ Personal Taste ဇာတ်လမ်းတွဲ ရိုက်ပြီးနောက် လူပိုကြိုက် လာတယ်လို့ ဆိုပါတယ်။
လောလောဆယ် Personal Taste ဇာတ်လမ်းတွဲ ကို Taiwan, Singapore နဲ့ Hong Kong တို့မှာ ပြသနေပြီး၊ Japan နဲ့ Thailand မှာ နောက်လ ပြမယ်လို့ သိရ ပါတယ်။
Source : Lee Min-ho wins more hearts in Asia with "Personal Taste"

Rain rep readying lawsuit against accuser
Rain မှ Daniel Kim ကိုတရားစွဲရန်ပြင်ဆင်နေခြင်း
ကမ္ဘာကျော် LOST ဇာတ်လမ်းတွဲ မှ ကိုးရီယား ဇာတ်လိုက် Daniel Kim က Rain ဟာ လောင်း ကစား အလွန် ဝါသနာ ပါပြီး၊ လောင်းကြွေးတွေ အများအပြား တင်နေသူ ဖြစ်တယ်လို့ လူသိရှင်ကြား စွပ်စွဲ ခဲ့ပါတယ်။
Rain တို့ဘက်က ဒီကိစ္စ လုံးဝ မဟုတ်ပါ လို့ငြင်းဆို ထားပါတယ်။ များ မကြာမှီက Daniel Kim က Rain ထံမှ လောင်းကြွေး US$ 150,000 ရလိုမှု နဲ့ USA တရား ရုံးတော် တစ်ခုမှာ တရားစွဲဆို ထား ပါတယ်။
ထို့ကြောင့် Rain တို့ဘက်က မခံမရပ် နိုင်ဖြစ်ပြီး နာမည် ဖျက်မှုနဲ့ ပြန်လည် တရားစွဲဖို့ ပြင်ဆင် နေပါတယ်။
Source : Rain rep readying lawsuit against accuser

Lee Min-ho is coming back as a powerful man
လူကြမ်းကြီး Lee Min-ho
လူနုနုလေး Lee Min-ho ဟာ မကြာမှီ ရိုက်ကူးမဲ့ City Hunter ဇာတ်လမ်း တွဲမှာ CIA agent ဟောင်းအဖြစ် ခပ်ကြမ်းကြမ်း သရုပ်ဆောင် မှာဖြစ် ပါတယ်။ အခု မင်းသားဟာ kickboxing သင်တန်း တက်နေ ပါတယ်။
Source : Lee Min-ho is coming back as a powerful man

Kim Tae-hee to expand career into Japan
Kim Tae-hee ဂျပန်ဈေးကွက်ဖက်ခြေဦးလှည့်ပြီး
မင်းသမီး ဟာ Kim Tae-hee ဂျပန်ဈေးကွက် သို့ အနုပညာ လုပ်ငန်းများ တိုးချဲ့ဖို့ စီစဉ် နေပါတယ်။
ဂျပန် Nikkan Sports သတင်းစာ နဲ့ အင်တာဗျူး ရာမှာ၊ ဂျပန်တွင် လုပ်ငန်းများ တိုးလုပ်ဖို့ ဂျပန် agency တစ်ခုနဲ့ စာချုပ်ချုပ် ထားကြောင်း၊ Hollywood ဘက်ကိုလည်း မျှော်လင့်ချက် ထားကြောင်း ထုတ်ဖေါ် ပြောဆို သွားပါတယ်။
မင်းသမီး ဟာ Kim Tae-hee မကြာမှီက ပြသွားတဲ့ IRIS ဇာတ်လမ်းတွဲ ကြောင့် ဂျပန်မှာ တော်တော် နာမည် ကြီးနေ ပါတယ်။
Source : Kim Tae-hee to expand career into Japan

Bae Yong-joon won the case
against the Japanese publisher
Bae Yong-joon တရားနိုင်ခြင်း
မင်းသား Bae Yong-joon ဟာ ဂျပန် စာပေ ထုတ်ဝေရေး ကုမ္ပဏီ တစ်ခုကို တရားစွဲး ထားပါတယ်။ အဆိုပါ ဂျပန် ကုပ္မဏီ မှထုတ်တဲ့ မဂ္ဂဇင်း တစ်ခုမှာ မင်းသားရဲ့ ဓါတ်ပုံ များကို ခွင့်ပြုချက် မယူပဲ သုံးစွဲ ခဲ့တာကြောင့် တရား စွဲတာ ဖြစ်ပါတယ်။
ဂျပန် တရားရုံးက မင်းသားကို အနိုင် ပေးခဲ့ပြီး၊ အဆိုပါ ဂျပန်ကုမ္ပဏီ က မင်းသားကို ဂျပန်ယန်း ၄ သန်း လျှော်ကြေး ပေးဖို့ပါ အမိန့် ချမှတ် ခဲ့ပါတယ်။
Source : Bae Yong-joon won the case against the Japanese publisher
Tags: korean news | korean actor | korean actress | korean singer | korea
Posted as - [TV Drama] [KSinger] [News] [Music] [KActress] [Media] [KActor] [Movie] [Bae Yong-jun] [Hyun Bin] [Lee Young-ae] [Rain] [Yoon Eun-hye] [Eric] [Han Hye-jin] [Ha Ji-won] [Jang Dong-gun] [Kim Tae-hee] [Ko Hyun-jung] [Moon Geun-young] [Shin Min-ah] [Won Bin] [Music Band] [Lee Min-ho] [koo Hye-sun] [Han Chae-young] [U-Know] [Girls Generation] [2PM] [Ko So-young]

1 comment submit comments

End of Article No. 501 - Hot News-27 Nov 2010
Permalink (http://video.phpmyanmar.com/video/article/501/hot-news-27-nov-2010)

Hot News-23 October 2010

Posted By - Ko Ko - October 22, 2010

Summary :
(1)Kim Hyun-joong will watch [Mischievous Kiss] with his fans. (2)Rain-s [The Fugitive Plan B] recorded its lowest viewer rating, 11.9%. (3)Kim Tae-hee, Song Seung-heon to star in new drama. (4)Ha Ji-won is Korean Jolie. She turned into an [Action Queen]. (5)Actor Ryoo Si-won to wed October 26. (6)Police confirmed that Tablo is a Stanford graduate. (7)Cha Seung-won has surgery, he will be in hospital for 25 days. (8)MC Mong indicted for draft-dodging. (9)Yoon Si-yoon: [99 Percent of People Said No to Me]. (10)[Girls Generation-s and Kara-s hot pants not allowed in Thailand. (11)Jang Ja-yeon-s Ex-Representative and Ex-Manager got one year jail sentence. (12)Jang Dong-gun begot a son, both wife and child are healthy. (13)Ain-t No Stopping TVXQ-s Trio In China. (14)Interpark Demands Monetary Compensation From Lee Hyo-lee. (15)Actor Kwon-s management agency ruled to compensate W350 million. (16)Kim Tae-Hee is South Korea-s most beautiful woman on shyness, beauty and guns. (17)Rain military entrance date deferred to next year. (18)Song Seung-heon says wants to dine with Girls Generation and Kara. (19)Pop Queen Lee Hyo-lee Maintains Status As CF Queen. (20)Will [Athena] Exceeds Popularity of [IRIS][More...]
Printer Friendly Page
အတိုအထွာသတင်းများ(၃၉)

Kim Hyun-joong will watch 'Mischievous Kiss' with his fans

ဇာတ်သိမ်းကို Fans များနှင့်အတူကြည့်တဲ့မင်းသား
ပြသဆဲ Mischievous Kiss ဇာတ်လမ်းတွဲ (ဟန်ဆောင် အနမ်း) ဇာတ်သိမ်းပိုင်း ကို၊ ခေါင်းဆောင် မင်းသား Kim Hyun-joong ဟာ ၄င်းရဲ့ fans များနဲ့ အတူ ကြည့်မှာ ဖြစ်ပါတယ်။
စုပေါင်း ကြည့်ပွဲကို လူ ၂၀၀၀ ဆံ့တဲ့ Seoul Grand Park Dorm Art Hall မှာ ပြုလုပ် မှာဖြစ် ပါတယ်။
Korea, China, Japan, Hong Kong နဲ့ Taiwan တို့မှ fans ၁၀, ၀၀၀ ကျော်တို့မှ လျှောက်လွှာ တင်ထား ကြပြီး မဲချ ပေးမှာဖြစ်ပါတယ်။
Source : Kim Hyun-joong will watch 'Mischievous Kiss' with his fans

Rain's 'The Fugitive Plan B' recorded
its lowest viewer rating, 11.9%
လူကြည့်အလွန်နည်းသွားတဲ့
Rain ရဲ့နောက်ဆုံးဇာတ်လမ်းတွဲ
ပြသဆဲ Rain ရဲ့ The Fugitive Plan B ဇာတ်လမ်းတွဲ ဟာ အပတ်စဉ် Wed-Thurs နေ့တွေမှာ ပြသတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အပိုင်း (၁) မှာ ကြည်သူ ၂၁% ကျော်ခဲ့ ပါတယ်။
တစ်ပတ် နောက်ကျ ပြီး မင်းသမီး Ko Hyeon-jeong ရဲ့ Daemul - Big Thing စင်ပြိုင် ပြချိန် မှစပြီး ကြည့်သူ ဆုတ်လာ ခဲ့တာ ယခု ဆိုရင် rating ၁၁.၉% ပဲရှိ ပါတော့တယ်။
Daemul - Big Thing ကတော့ rating ၂၀% ကျော်နဲ့ ထိပ်ဆုံးမှ ပြေးနေဆဲ ဖြစ်ပါတယ်။
Source : Rain's 'The Fugitive Plan B' recorded its lowest viewer rating, 11.9%

Kim Tae-hee, Song Seung-heon
to star in new drama
Kim Tae-hee နဲ့ Song Seung-heon
တို့ရဲ့ဇာတ်လမ်းတွဲအသစ်
မင်းသမီး Kim Tae-hee နဲ့ မင်းသား Song Seung-heon တို့ဟာ MBC ရုပ်သံရဲ့ Pasta အမည်ရှိ ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။
ရိုးရိုး တက္ကသိုလ် ကျောင်းသူလေး တစ်ဦးနဲ့ အလွန် ချမ်းသာတဲ့ လုပ်ငန်းရှင် တစ်ဦးတို့ ရဲ့ မေတ္တာဘွဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
Source : Kim Tae-hee, Song Seung-heon to star in new drama

Ha Ji-won is Korean Jolie?
She turned into an "Action Queen'
Action မင်းသမီး Ha Ji-won
November 13 မှာပြသမဲ့ SBS ရုပ်သံရဲ့ Secret Garden ဇာတ်လမ်းတွဲ မှ ပိုစတာ ပုံများ ထုတ်ပြန် ရာမှာ မင်းသမီး Ha Ji-won ကို အမေရိကန် မင်းသမီး Angelia Jolie စတိုင်မျိုး အဝတ် အစား နဲ့တွေ့ရ ပါတယ်။ မင်းသား ကတော့ Hyun Bin ဖြစ်ပါတယ်။
Source : Ha Ji-won is Korean Jolie? She turned into an "Action Queen'

Actor Ryoo Si-won to wed October 26
မင်းသား Ryoo Si-won လက်ထပ်တော့မည်
Hallyu မင်းသား Ryoo Si-won ဟာ October 26 မှာ လက်ထပ်တော့ မှာဖြစ်ကြောင်း သူ့ website မှတဆင့် အသိပေး ဖေါ်ပြ သွားပါတယ်။
သတိုးသမီး ဟာ ရိုးရိုး အရပ်သူ တစ်ဦး ဖြစ်ပြီး မင်းသားရဲ့ ကိုယ်ဝန်ကို လွယ်ထား ပါတယ်။ လက်ထပ်ပြီး မကြာမှီမှာ မွေးမှာ ဖြစ်ပါတယ်။
Source : Actor Ryoo Si-won to wed October 26

Police confirmed that Tablo is a Stanford graduate
Hip-hop အဆိုတော် Tablo ရဲ့ဘွဲ့လက်မှတ်ဟာအစစ်ပါ
Hip-hop အဆိုတော် Tablo ရရှိ ထားတဲ့ Stanford University (USA) ဘွဲ့လက်မှတ် ဟာ အစစ် ဖြစ်ကြောင်းကို ကိုးရီးယား ရဲအဖွဲ့ က သက်ဆိုင်ရာ တက္ကသိုလ် နဲ့ဆက်သွယ် ပြီးနောက် အတည် ပြုပေး ခဲ့ပါတယ်။
Tablo ရရှိ ထားတဲ့ Stanford University (USA) ဘွဲ့လက်မှတ် ဟာ အတုပါ ဆိုပြီး internet ထဲမှာ တိုက်ခိုက် နေတာ ကြာပါပြီး။ ရဲက မဟုတ် မမှန် သတင်း ဖြန့်နေ သူတွေကို အရေးယူ ဖို့ ဆောင်ရွက် နေပါတယ်။
Source : Police confirmed that Tablo is a Stanford graduate

Cha Seung-won has surgery,
he will be in hospital for 25 days
မင်းသား Cha Seung-won ခွဲစိပ်ခံယူခြင်း
ATHENA ဇာတ်လမ်းတွဲ ရဲ့ မင်းသား Cha Seung-won ဟာ ဆေးရုံ တက်ပြီး ခွဲစိပ် ကုသမှု ခံယူ နေရ ပါတယ်။ October 20 မှာ ရိုက်ကွင်း ရှိရာ Hawaii သို့လိုက်သွား မယ်လို့ သိရ ပါတယ်။
Source : Cha Seung-won has surgery, he will be in hospital for 25 days

MC Mong indicted for draft-dodging
အဆိုတော် MC Mong စွဲချက်တင်ခံရပြီး
အဆိုတော် MC Mong ကို ကိုးရီးယား ရဲအဖွဲ့ က စစ်မှု ထမ်းရန် ရှောင်တိမ်း မှုနဲ့ စွဲချက်တင် အရေးယူ လိုက်ပြီး လို့ သိရ ပါတယ်။
MC Mong ဟာ သူ့ရဲ့ သွားအကောင်း တွေကို နှုတ်ပစ် ပြီး တပ်ဝင် ဆေးစစ် ကျအောင် ကြံစည် တာမှန်ကန် တယ်လို့ တွေ့ရှိ ရတဲ့ အတွက် ယခုလို စွဲချက်တင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။
Source : MC Mong indicted for draft-dodging

Yoon Si-yoon: '99 Percent of People Said 'No' to Me'
အလွန်အောင်မြင်လာတဲ့ Yoon Si-yoon
မနှစ်က လူမသိ သူမသိ မင်းသား Yoon Si-yoon ဟာ၊ ဒီနှစ် လူတိုင်း သိတဲ့ super star မင်းသား တစ်လက် ဖြစ်လာ ပါတယ်။
မင်းသား ပါဝင် ခေါင်းဆောင် တဲ့ Bread, Love, and Dreams ဇာတ်လမ်းတွဲ ဟာ rating ၅၀.၈% အထိ ရရှိ ခဲ့ပါတယ်။ ကျွန်တော် သရုပ် မဆောင် နိုင်ဘူး၊ မဖြစ်နိုင် ဘူးဆိုပြီး ဆန့်ကျင် ကြတဲ့ သူများက ၉၉% ရှိပြီး၊ ထောက်ခံတဲ့ ကျန်တဲ့ ၁% က အမေရယ် အဖေရယ် ကျွန်တော့ မန်နေဂျာ ရယ်ဘဲ ရှိခဲ့ ပါတယ်လို့၊ မင်းသားက ပြောသွား ပါတယ်။
မင်းသား Yoon Si-yoon ဆက်လက် အောင်မြင် ပါစေလို့ ဆုတောင်း ပေးအပ် ပါတယ်။
Source : Yoon Si-yoon: '99 Percent of People Said 'No' to Me'

'Girls Generation's and Kara's
hot pants not allowed!' in Thailand
ဘောင်းဘီတိုမဝတ်သင့်ဆိုတဲ့ထိုင်းအစိုးရရဲ့အဆို
ကိုးရီးယား အမျိုးသမီး အဆိုအဖွဲ့ များရဲ့ ဘောင်းဘီတို hot pants ဖက်ရှင်ဟာ အာရှတလွှာမှာ အလွန် ခေတ်စါး လာပြီး တောမီးလို ပြန့်နှံ့ လာပါတယ်။
ဘောင်းဘီတို ဝတ်ရင် ခြင်ကိုက်ခံ ရပြီး သွေးလွန် တုတ်ကွေး ပိုဖြစ်နိုင်လို့ ထိုင်း မိန်းခလေး များ ဘောင်းဘီတို မဝတ် သင့်ကြောင်း ထိုင်းအစိုးရ က ထုတ်ပြန် ကြေငြာ ပါတယ်။ (ယောက်ျား လေးတွေ ရင်ခုံပြီး အသက်တို မှာလည်း ရှိသေးတယ် နော်)
Source : 'Girls Generation's and Kara's hot pants not allowed!' in Thailand

Jang Ja-yeon's Ex-Representative and
Ex-Manager got one year jail sentence
သတ်သေတဲ့မင်းသမီးရဲ့အေးဂျင်းနဲ့
မန်နေဂျာတို့ထောင်ကျပြီး
Boys Over Flowers (F4) ဇာတ်လမ်းတွဲ မှ အရံမင်းသမီး တစ်လက် ဖြစ်တဲ့ Jang Ja-yeon ဟာ ၂၀၀၉ မတ်လ က မိမိ ကိုယ် မိမိ သတ်သေ သွားခဲ့ ပါတယ်။
သေတမ်းစာ ထဲမှာ သူ့ကို အထက် လူကြီး များနဲ့ အိပ်စက်ဖို့ အဆက် မပြတ် ဖိအား ပေးခံရ တာကို မခံနိုင် တော့လို့ သတ်သေ တာပါလို့ ရေးထား ခဲ့ပါတယ်။
ဒီကိစ္စ အတွက် Agent Mr. Kim နဲ့ မန်နေဂျာ Mr. Yoo တို့ကို ထောင်ဒါဏ် ၁ နှစ်စီ ချလိုက်တယ် လို့သိရ ပါတယ်။
Source :
Jang Ja-yeon's Ex-Representative and Ex-Manager got one year jail sentence


Jang Dong-gun begot a son,
"Both wife and child are healthy"
Jang Dong-gun အဖေဖြစ်ပြီး
မင်းသား Jang Dong-gun ရဲ့ ဇနီး မင်းသမီး Ko So-young ဟာ October 4 က သား ယောက်ျား လေး ဖွားမြင်တယ် လို့သတင်း ရရှိ ပါတယ်။ မိခင်ရော ခလေးပါ ကျန်းမာစွာ ရှိကြ ပါတယ်။
Source : Jang Dong-gun begot a son, "Both wife and child are healthy"

Ain't No Stopping TVXQ's Trio In China
TVXQ ရဲ့သုံးဦးအဖွဲ့တရုတ်ပြည်တွင်
ဆက်လက်လှုပ်ရှားကြမည်
TVXQ အဖွဲ့မှ Xiah Jun-su, Micky Yoochun နဲ့ Hero Jae-joong တို့ဟာ 2010 East Asia All Stars Concert မှာ ပါဝင် ဆင်နွှဲ ကြပါမယ်။ ထို့ကြောင့် ဂျပန်မှာ လုပ်မဲ့ show ပွဲတွေကို ဖျက်လိုက် ရပါတယ်။
တရုတ်ပြည် က fans များဟာ သူတို့ ဆီက show ပွဲ အစီအစဉ် တွေလည်း ဖျက်လိုက်မှာ အလွန် စိုးရိမ် နေကြ ပါတယ်။
အဆိုတော် များရဲ့ တရုတ်ပြည် agent က တရုတ် show ပွဲများ ဆက်လုပ် မှာ ဖြစ်ကြောင်း ပြော သွားလို့ အားလုံး စိတ်အေး သွားကြတယ် လို့ သိရ ပါတယ်။
Source : Ain't No Stopping TVXQ's Trio In China

Interpark Demands Monetary
Compensation From Lee Hyo-lee
Lee Hyo-lee ရဲ့ Agency လျှော်ကြေးတောင်းခံရခြင်း
Lee Hyo-lee ရဲ့နောက်ဆုံး album မှာ ခိုးချ သီချင်းတွေ ပါခဲ့လို့ အကြီးအကျယ် ပြဿနာ တက်ခဲ့ ပါတယ်။
ဒီနောက်မှာ Lee Hyo-lee ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းထားခဲ့ ပါတယ်။ Interpark လုပ်ငန်းစု က ဒီကိစ္စကြောင့် အဆိုတော်ရဲ့ ရိုးသား ပွင့်လင်း တဲ့ ပြရုပ်ဟာ မှေးမှိန် ခဲ့ရကြောင်း၊ ထို့ကြောင့် ၄င်းတို့ ရဲ့ ရောင်းအား ကျဆင်း ပြီးဝင်ငွေ လျှော့ခဲ့ရ တယ်ဆိုပြီး တရားစွဲ ပါတယ်။
Lee Hyo-lee ရဲ့ Agency ထံမှ ပေးလျှော်ရန် တောင်းခံတဲ့ လျှော်ကြေး ကတော့ 490 million won ဖြစ် ပါတယ်။
Source :
Interpark Demands Monetary Compensation From Lee Hyo-lee


Actor Kwon's management agency
ruled to compensate W350 million
မင်းသား kwon Sang-woo ရဲ့
Agency လျှော်ကြေးပေးရပြီး
မင်းသား kwon Sang-woo ရဲ့ Agency မှ ContentsLab လုပ်ငန်းစု သို့ လျှော်ကြေး 350 million won ပေးရ မယ်လို့ Seoul Central District Court က မကြာမှီ က အမိန့် ချမှတ် လိုက်ပါတယ်။
မင်းသား agency ဟာ ဖြေဖျော်ရေး ကိစ္စများ နဲ့ ပတ်သက်ပြီး ချုပ်ဆို ထားတဲ့ စါချုပ်ပါ အချက်အလက် များကို အပြည့် အဝ ဆောင်ရွက် ပေးရန် ပျက်ကွက် ခဲ့တာ ထင်ရှားလို့ ယခုလို လျှော်ကြေး ပေးရတာ ဖြစ်ပါတယ်။
Source :
Actor Kwon's management agency ruled to compensate W350 million


Kim Tae-Hee: South Korea's 'most
beautiful woman' on shyness, beauty and guns
အလှဆုံးကိုးရီးယားအမျိုးသမီး
မင်းသမီး Kim Tae-Hee ဟာ ဂျပန်မှာ အလွန် ခေတ်စား နေပါတယ်။ ဂျပန် media များက မင်းသမီးကို ကိုးရီးယား နိုင်ငံရဲ့ အလှဆုံး အမျိုးသမီး အဖြစ် တင်စား လာကြပါတယ်။ Kim Tae-Hee ဟာ IRIS ဇာတ်လမ်းတွဲ တွင် စပိုင်မ အဖြစ် ပါဝင် ပြီးနောက် အထူး နာမည် ကြီးလာ ပါတယ်။
Source :
Kim Tae-Hee: South Korea's 'most beautiful woman' on shyness, beauty and guns


Rain military entrance date deferred to next year
Rain စစ်မှုထမ်းခြင်းမှတစ်နှစ်ရွှေ့ဆိုင်းခွင့်ရခြင်း
မင်းသား Rain (28) ဟာနိုင်ငံသား တိုင်းရှိတဲ့ တာဝန်အရ စစ်မှုထမ်း ချိန်တန် နေပါပြီး။ သို့သော် သူတင်ပြတဲ့ အထွေထွေ အကြောင်း ပြလျက် များကို လက်ခံ တဲ့အတွက်၊ ကိုးရီးယား Military Manpower Administration (MMA) က စစ်တပ်သို့ သတင်း ပို့ရမဲ့ ရက်ကို တစ်နှစ် ဆိုင်းငံ့ ခွင့်ပြုလိုက် ပါတယ်။
Source : Rain military entrance date deferred to next year

Song Seung-heon says wants to
dine with Girls' Generation and Kara
အဆိုတော်မလေးတွေနဲ့ညစာစား
ချင်နေတဲ့မင်းသားဂျွန်စော
မကြာမှီက ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ မင်းသား Song Seung-heon (33) က Girls' Generation, Kara, After School နဲ့ f(x) စတဲ့ music band တွေက အဆိုတော် မလေး များနဲ့ ညစာ (dinner) အတူ စားလိုကြောင်း ထုတ်ဖေါ် ပြောသွား ပါတယ်။
Source :
Song Seung-heon says wants to dine with Girls' Generation and Kara


Pop Queen Lee Hyo-lee Maintains Status As CF Queen
ကြော်ငြာဘုရင်မ Lee Hyo-lee
Lee Hyo-lee (33) ကို ကိုးရီးယား ကြော်ငြာ လောကရဲ့ ဘုရင်မ တစ်ဆူ အဖြစ် တင်စားထား ကြပါတယ်။
သာမန်အာဖြင့် သုံးလေးနှစ် ကြာလာရင် မျက်နှာသစ် အငယ် လေးများနဲ့ အစားထိုး တတ်ကြ ပါတယ်။ Lee Hyo-lee ကတော့ ၁၀ နှစ် ရှိသွား ပါပြီး။ ယခု အထိ ကျမသွားပဲ လူကြိုက် များနေဆဲ ဖြစ်တဲ့ CF Queen ဖြစ်ပါတယ်။
Source : Pop Queen Lee Hyo-lee Maintains Status As CF Queen

Will 'Athena' Exceeds Popularity of 'IRIS'?
IRIS ထက်သာမယ်လို့တစ်ပြေးနေတဲ့ ATHENA
နာမည်ကျော် ဇာတ်လမ်းတွဲ IRIS ရဲ့ အဆက် ATHENA ဟာ IRIS ထက်သာ မယ်လို့ တစ်ပြေး နေပါတယ်။ မင်းသား Jeong Woo-seong, Cha Seung-won မင်းသမီး Soo-ae, Lee Ji-ah တို့ခေါင်းဆောင် ပါဝင် ပါမယ်။
Super Junior အဖွဲ့မှ Choi Si-won က လက်သင် စုံထောက် ပေါက်စလေး အဖြစ် ပါဝင်ပြီး၊ အဆိုတော် BoA နဲ့ မင်းသမီး Lee Bo-yeong တို့က ဧည့်သည်တော် သရုပ်ဆောင် များအဖြစ် ပါဝင် ကြမှာ ဖြစ်ပါတယ်။